မောက်မယ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(မောက်မယ်)၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ထူးချွန်ကျောင်းသားကျောင်းသူများဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၂၆ရက် နံနက်၁၀နာရီက နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာန မှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ G-10 ကျောင်းသား/ကျောင်းသူလေးများက “ အနာဂါတ်လူရည်မွန် ” သီချင်းဖြင့်သီဆို ဖျော်ဖြေဖွင့်လှစ်၍ အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အ.ထ.က(မောက်မယ်)မှကျောင်းအုပ်ဆရာကြီး ဦးကြည်လင်က ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန် ရေးတို့အတွက် မိဘ/ဆရာ/ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများဘက်စုံပညာထူးချွန်ရေး တို့အတွက် မိမိတို့ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသလေးများက “ မြန်မာ့ကျောင်း ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး