တောင်ကြီး သြဂုတ် ၃၁
၂၀၂၅ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲကိုသြဂုတ်လ(၃၁)နံနက် (၈) နာရီခွဲက တောင်ကြီးမြို့မြို့တော်ခန်းမ၌ ကျင်းပ သည်။
ဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတောင်ကြီးမှကျောင်းသား၊ကျောင်းသူလေးများက“မြန်မာ့ကျောင်း´´သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ထူးချွန် ထက်မြက်သောကျောင်းသားလူငယ်မောင်မယ်များကိုယခုလိုဂုဏ်ပြုချီးမြှင့်ရသည့်အတွက်အထူး ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ပညာရေးသည်နိုင်ငံတော်တည်ဆောက်ရေးအတွက်အခြေခံအုတ် မြစ်ဖြစ်ပါကြောင်း၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာတွင်လူသားအရင်းအမြစ်ဖြစ်သည့်အသိပညာရှင်၊အတတ်ပညာရှင်၊ကျွမ်းကျင်ပညာရှင်များလိုအပ်ပါကြောင်း၊ယခုနှစ်ရှမ်းပြည် နယ်တွင်အောင်ချက်အကောင်းဆုံးမြို့နယ်မှာကလောမြို့နယ်ဖြစ်ပြီးအောင်ချက်(၆၀.၂၉)ရာခိုင်နှုန်း ဖြင့်ပထမ၊နမ့်စန်မြို့နယ်က(၅၂.၆၀)ရာခိုင်နှုန်းဖြင့်ဒုတိယ၊ပင်လောင်းမြို့နယ်က(၅၀.၀၀)ရာခိုင်နှုန်းဖြင့်တတိယရရှိခဲ့ပါကြောင်း၊ကျောင်းအနေဖြင့်အထက(၂)ပင်လောင်းက(၇၃.၇၃)ရာခိုင်နှုန်းဖြင့်ပထမ၊အထက(၄)တောင်ကြီးက(၇၀.၃၃)ရာခိုင်နှုန်းဖြင့်ဒုတိယ၊အထက(၁)ပင်လောင်းက(၆၅.၄၅)ရာခိုင် နှုန်းဖြင့်တတိယအသီးသီးရရှိခဲ့သည်ကိုတွေ့ရပါကြောင်း၊ယခုနှစ်တွင်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများဖြစ်သည့်ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ် Shining Star မသွယ်-ကိုယ်ပိုင်ကျောင်း က (၉၃.၉၄)ရာခိုင်နှုန်းဖြင့်ပထမ၊ရပ်စောက်မြို့နယ်AETSCကိုယ်ပိုင်ကျောင်းက(၈၄.၇၂)ရာခိုင်နှုန်းဖြင့်ဒုတိယ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ရတနာကိုယ်ပိုင်ကျောင်းက(၈၂.၂၀)ရာခိုင်နှုန်းဖြင့်တတိယအသီးသီးရရှိခဲ့ပြပြီးကြိုးစားခဲ့ကြသည့်မြို့နယ်၊အခြေခံပညာကျောင်းများနှင့်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကိုရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်များစွာဂုဏ်ယူပါကြောင်းပြောကြားသည်။ ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအောင်ချက်အကောင်းဆုံးမြို့နယ်(၃)မြို့ နယ်၊အောင်ချက်အကောင်းဆုံးအခြေခံပညာကျောင်း(၃)ကျောင်း၊အောင်ချက်အကောင်းဆုံးကိုယ် ပိုင်ကျောင်း(၃)ကျောင်းနှင့်(၆)ဘာသာဂုဏ်ထူးရကျောင်းသား၊ကျောင်းသူ(၇)ဦးတို့ကိုဆုများချီးမြှင့် ပေးအပ်ပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်ညိုမီစောက(၅)ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က(၅)ဘာသာဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးချုပ်နှင့်ဇနီးတို့က(၄)ဘာသာဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီးတို့က(၄)ဘာသာဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက(၃)ဘာသာဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအားအသီးသီးဆုများချီးမြှင့်ပေးကြ သည်။
ယင်းနောက်ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများကိုယ်စား(၆)ဘာသာဂုဏ်ထူးရကျောင်းသူတစ် ဦးကကျေးဇူးတင်စကားပြောကြားပြီးအမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတောင်ကြီးမှ ကျောင်းသား၊ကျောင်းသူလေးများက“ဇာတိမာန်သီချင်း´´ဖြင့်သီဆိုဖျော်ဖြေ၍သီဆိုဖျော်ဖြေပေး သည့်အဖွဲ့များအားပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများသည်အခမ်းအနားတက်ရောက်လာကြ သည့်ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများနှင့်မိဘပြည်သူများကိုရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်းသိရှိရသည်။
ထို့အတူ၂၀၂၅ခုနှစ်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊မြို့နယ်အလိုက်ကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲနှင့်အေးရိုးဗစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲကိုသြဂုတ်လ(၃၀)ရက်ညနေ(၅)နာရီကတောင်ကြီးမြို့၊ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊မြို့နယ်အလိုက်ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကို သြဂုတ် လ(၃၀)ရက်နံနက်(၁၀)နာရီကတောင်ကြီးမြို့၊ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံ၌ပြိုင်ပွဲကိုကျင်းပရာအမျိုးသားကာယဗလပြိုင်ပွဲတွင်အသက်(၂၁)နှစ်အောက်ပြိုင်ပွဲ၅၅ကီလို၊၆၀ကီလို၊၆၅ကီလို၊၇၀ကီလို၊၇၅ကီလိုတန်းနှင့်အထက်အမျိုးသားAtheleticphysiqueပြိုင်ပွဲတွင်မြို့နယ်(၁၁)မြို့နယ်မှပါ ဝင်ယှဥ်ပြိုင်ကြပြီးအမျိုးသမီးModelPhysiqueပြိုင်ပွဲများတွင်မြို့နယ်(၄)မြို့နယ်မှပါဝင်ယှဥ်ပြိုင်ခဲ့ ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊အားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှု အားပေးကြကြောင်းသိရသည်။
ပြိုင်ပွဲများအပြီးတွင်ဆုချီးမြှင့်ပွဲကျင်းပရာကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(Aerobic)(၃)ဦးပြိုင်ပွဲတွင်တတိယဆုရရှိသည့်လွိုင်လင်ခရိုင်အသင်း၊ဒုတိယဆုရရှိသည့်ကျိုင်းတုံခရိုင်အသင်း၊ပထမဆုရရှိသည့်တောင်ကြီးခရိုင်အသင်းတို့အားရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ဇနီးကလည်းကောင်း၊(၉)ဦးတွဲ ပြိုင်ပွဲတွင်နှစ်သိမ့်ဆုရရှိကြသည့်လင်းခေးခရိုင်အသင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း၊တာချီလိတ်ခရိုင်သင်း၊ကျိုင်းတုံခရိုင်အသင်း၊လွိုင်လင်ခရိုင်အသင်းနှင့်တတိယဆုရမိုင်းဆတ်ခရိုင်အသင်း၊ဒုတိယဆုရဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့်ပထမဆုရတောင်ကြီးခရိုင်အသင်းတို့ကိုပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးကလည်းကောင်းဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက်(၂၁)နှစ်အောက်ကာယဗလပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကလည်းကောင်း၊(၅၅)ကီလိုတန်းကာယဗလပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊(၆၀)ကီလိုတန်းကာယဗလပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်တိုင်းရင်းရေးရာဝန်ကြီးကလည်းကောင်း၊(၆၅)ကီလိုတန်းကာယဗလပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊(၇၀)ကီလိုတန်းကာယဗလပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊(၇၅)ကီလိုတန်းကာယဗလပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများ၊အမျိုးသားAthleticPhysique(၁၇၀)စင်တီမီတာအထက်ပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုကိုပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍အမျိုးသမီးModelPhysiqueပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆု၊ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆု၊ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(Aerobic)တစ်ဦးချင်းပြိုင်ပွဲတွင်တတိယဆုရဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒုတိယဆုရလွိုင်လင်ခရိုင်နှင့်ပထမဆုရတောင်ကြီးခရိုင်တို့မှ ဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုကိုရှမ်းပြည်ဝန်ကြီးချုပ်၏ဇနီး၊ရှမ်းပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်ညိုမီစောကဆုများချီး မြှင့်ပေးအပ်သည်။
ယင်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအမျိုးသားSport Physique (၁၇၀ စင်တီမီတာအထက်)ပြိုင်ပွဲတွင်တတိယဆု၊ဒုတိယဆုနှင့်ပထမဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေ သားဆုကိုလည်းကောင်း၊၂၀၂၅ခုနှစ်ရှမ်းပြည်နယ်ကာယဗလမောင်ဆုရရှိသူအားဆုတံဆိပ်နှင့်ငွေ သားဆုတို့ကိုလည်းကောင်းဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး