တောင်ကြီး သြဂုတ်-၂၈
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ကို သြဂုတ်လ (၃၀) ရက်နေ့မှ စက်တင်ဘာ လ (၂) ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါဖိုရမ်သို့ တက်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံပွဲကို သြဂုတ်လ(၂၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာ ဗျူဟာဖိုရမ် – ၂၀၂၅သို့ တက်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့မှ တစ်ဦးချင်း မိတ်ဆက်ကြသည်၊၊
ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ် စားလှယ်အဖွဲ့၊ အမျိုးသားအုပ်ချုပ်သူအဖြစ် တာဝန် ယူဆောင်ရွက်မည့် တောင်ကြီးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုး က လူငယ်ဖိုရမ်၂၀၂၅သို့ တက်ရောက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောငအောင်က မြန်မာ့အနာဂတ် မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးက လူငယ်ကိုယ်စားလှယ် (၁၉၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူငယ်ကိုယ်စားလှယ် (၁၆၀)ဦး၊ စုစုပေါင်းလူငယ်ကိုယ်စားလှယ် (၃၅၆)ဦး တက်ရောက်ဆွေးနွေးကြမှာဖြစ်ကြောင်း၊လူငယ်မဟာဗျူဟာဖိုရမ် – ၂၀၂၅ကိုကျင်းပပြုလုပ် ပေးရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်၍ အခြေခံအသိပညာ ဗဟုသုတများရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဥ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းမြှင့်တင်ရန်၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိ ထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရန်၊ လူငယ်များ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်လမ်းကြောင်းများကို ရှုမြင်အဆိုပြုနိုင်စွမ်းမြှင့်တင်ရန်၊အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာအဆင့် လုပ်ငန်းအစီအစဥ်များတွင် တက်ကြွသည့်ဖိုရမ်ဆင်း လူငယ်ကွန်ယက်ကို ဖန်တီးပေးရန် စသည့်ရည်ရွယ်ချက်များနှင့်ကျင်းပရခြင်းဖြစ်ကြောင်း ၊ လူငယ်များအနေဖြင့် ကိုယ့်နိုင်ငံ၊ကိုယ့်တိုင်းရင်းသားလူမျိုးစုများအခြေအနေ၊ ပထဝီနိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးစတဲ့ အကြောင်းအရာတွေကို လေ့လာပြီး ယခုကျင်းပမည့် လူငယ်ဖိုရမ်တွင် မိမိနိုင်ငံ၊ မိမိတို့တိုင်းရင်းသားလူမျိုးများနှင့် အဆင်ပြေစေမည့် မည်သည့်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်သင့်သည်တို့ကို ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့လေ့လာထားသည့် အသိပညာဗဟုသုတများကိုမျှဝေပြီး အခြားသူများ၏လေ့လာတင်ပြ ဆွေးနွေးမှုများကို မှတ်သားပြီး မိမိတို့အတွက် အကျိုးရှိရှိ ပြန်လည်အသုံးချရမည်ဖြစ်ပါကြောင်း၊ လူငယ်ဖိုရမ်မှ ပြန်လာသည့်အချိန်တွင် ရရှိလာသည့် အတွေ့အကြုံ ဗဟုသုတများကို မိမိ ပတ်ဝန်းကျင်ရှိ လူငယ်များအား ထပ်ဆင့်မျှဟဝေပေးစေလိုကြောင်း စသဖြင့်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာ ဗျူဟာဖိုရမ်-၂၀၂၅သို့ တက်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ရာ အုပ်ချုပ်သူနှင့် လူငယ်ကိုယ်စားလှယ်အဖွဲ့ မှ လက်ခံရယူကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး