
တောင်ကြီး သြဂုတ်-၂၆
မြန်မာအီလထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို သြဂုတ်(၂၆)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားအဖြစ် ခံယူထားသူများသာ မဲပေးပိုင်ခွင့်ရှိပါကြောင်း၊ ကိုယ်မြို့၊ ကိုယ်ရွာ၊ ကိုယ်ဒေသကို ဦးဆောင်ဦးရွက်ပေးနိုင်သူကိုသာ ရွေးချယ်ပေးသင့်ပါကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကိုင်ဆောင်၍ မဲပေးခွင့်ရှိမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြီးကြပ်ပြီး အပိုင်းအလိုက်ကျင်းပပေးမှာဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် အပိုင်း(၁)ကို(၁၀၂)မြို့နယ်၌ ကျင်းပပေးမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် (၅၅)မြို့နယ်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၂၁)မြို့နယ်၊ (ရှမ်းမြောက်)တွင် (၆)မြို့နယ်(ရှမ်းရှေ့)တွင် (၉)မြို့နယ် ကျင်းပရန်လျာထားပါကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)မှာ(၁၂)မြို့၌ စတင်ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များမှာ တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်၊ ဟိုပုံးမြို့နယ်၊ နောက်ချိုမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ နမ့်စန်မြို့နယ်၊ မူဆယ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ လားရှိုးမြို့နယ်၊ လင်းခေးမြို့နယ်၊ လွိုင်လင်မြို့နယ်တို့ဖြစ်ပါကြောင်း၊ ယခုကျင်းပပေးမည့် ပြည်ထောင်စုရွေးကောက်ပွဲသည်နို င်ငံနှင့်လူမျိုးအတွက် သမိုင်းမှတ်တမ်းထူမည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူတိုင်း တက်ကြွစွာပါဝင်မဲပေးကြရန် ပြောကြားသည်။
ထို့နောက် တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးခွန်မြတ်ဆန်းထွန်းမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဥ်း၍ Power Point ဖြင့်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသားသူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးနေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာရှိ ဆန္ဒဗွေခန်းမ၌ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဥ်း၍ ပြည်နယ်ကော်မရှင်ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိမှ ရှင်းလင်းတင်ပြပြီး နမ့်ဆီး၊ နောင်လေဒေသခံပြည်သူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံရှေ့၌နို င်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့်(၁)ဦးတစ်လျှင် (၁)ပိဿစားအုန်းဆီများ၊ ဆန်(၈)ပြည်၊ ရှမ်းပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကြက်ဥရောင်းချပေးနေမှုတို့ကို ပင်စင်ထုတ်ရက်တွင် လာရောက်ရောင်းချပေးနေမှုကို ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ် အမျိုးသားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဥ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ရှမ်းပြည်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး