
ပင်လောင်း ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် “ကလေးများ အနာဂတ် လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြုပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ် အာဟာရရက်သတ္တပတ်များ မြို့နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ် ၂၆ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကလေးများအား ဗီတာမင်ဆေးလုံး၊ သံချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓာတ် ဆေးပြား၊ ဘီတာမင်ဘီဝမ်း ဆေးပြားများဖြန့်ဝေတိုက်ကျွေးခြင်းနှင့် ငါးနှစ်အောက်ကလေးများအား လက်ဆောင်များပေးအပ်ပေးခဲ့သည်။ ထို့နောက် ပင်လောင်းမြို့မ ဈေးအတွင်းရှိ ဈေးဆိုင်များ ရောင်းချ သည့် ဆားများတွင်အိုင်အိုဒင်းဆား အရည်အသွေးများ စစ်ဆေးခြင်းနှင့် အာဟာရအုပ်စု အာဟာရ အစားအစာများ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း အဖွဲဝင်းများ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ငါးနှစ်အောက်ကလေးများနှင့် မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး