
ကလော ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောခရိုင် ရဲတပ်ဖွဲ့မှူး နှင့်အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်အောင်ပန်းမြို့မှ၊ရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ် စိုးလွင်ဦး တို့ဦးဆောင်၍ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကလောမြို့အများပြည်သူသွားလာသည့်မင်းလမ်းမကြီးဘေးတွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့ ” ဆိုင်းဘုတ်ပိုစတာဖွင့်ပွဲပြုလုပ်ခဲ့ရာခရိုင်၊မြို့နယ်အဆင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဦး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးသိန်းနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးထွန်းဝင်း တို့က “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့ “ဆိုင်းဘုတ်ပိုစတာအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်အနေဖြင့် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေများကို ကလောမြို့နယ်ရှိအခြေခံပညာအထက်တန်း ကျောင်းတို့တွင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး