မိုင်းပန် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ မြို့နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ် ၂၅ ရက်နံနက် ၉ နာရီကကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လတ် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်းက အာဟာရဖွံ့ဖြိုးရေးအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ School Meal Program အတွက်ကုန်ကျစရိတ်များကို ဒုတိယအုပ်ချုပ်ရေးမှူးကပေးအပ်ခဲ့ပြီးနောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းတို့မှ အသက်(၅)နှစ်အောက် ကလေးငယ်များအား သန်ချဆေးနှင့် ဗီတာမင်အေများတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သရုပ်ပြပွဲအခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမ၌ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းမြမြအေးက အဖွင့်မှာစကားပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသုံးပြုပုံများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် သူနာပြုဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ဖြင့် စမ်းသပ်ပေးခြင်း ပြသပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး