
ကလော ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်ရွှေမင်းဖုန်း ကျေးရွာအုပ်စု၊ ရွှေတောင်ကြားကွက်ရပ်ရှိ အ-လ-က ကျောင်းမှကျောင်း ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများလိုက်ပါလာသည့် NISSAN DISEL အမျိုးအစား အဖြူရောင်(၆)ဘီးယာဉ်သည်ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ကလော-ရွှေမင်းဖုန်းသွားလမ်းတွင်ဘရိတ်ပေါက်၍ တိမ်းမှောက်သွား ကြောင်းသိရသည်။
အဆိုပါမော်တော်ယာဉ်တိမ်းမောက်မှုကြောင့် ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကြားကွက်ရပ်ရှိ အ-လ-က ကျောင်းမှဆရာ(၁)ဦး၊ဆရာမ(၃)ဦးနှင့် ကျောင်းသား(၂၂)ဦး၊ ယာဉ်မောင်း(၁)ဦး၊ စုစုပေါင်း(၂၇)ဦးသည် ကလောမြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲတွင် စာရင်းသွင်းရန်အတွက် လာရောက်စဉ်ရုတ်တရက်ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်ခဲ့သဖြင့် ကျောင်းသား (၁၅)ဦး၊ ဆရာ/မ(၄)ဦး၊ ယာဉ်မောင်း (၁)ဦး၊ စုစုပေါင်း (၂၀)ဦးတို့ ဒဏ်ရာများ ရရှိခဲ့ပြီး ကလောမြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်း တာဝန်ရှိသူထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး