ကလော ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊‌ အောင်ပန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းသရုပ်ပြသခြင်းကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာ ရီက အောင်ပန်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ‌ အောင်ပန်းမြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့‌ပေါ်ရပ်ကွက်နှင့်‌ ကျေးရွာများမှဆန္ဒမဲပေးမည့်ပြည်သူများတက်‌ရောက်ခဲ့‌ကြောင်းသိရသည်။
ရှေးဦးစွာက‌လောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်ဥမ္မာဦး က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင်မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး