မောက်မယ် သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့်သစ်တောသစ်ပင်များ၏တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့်ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သြဂုတ် ၂၄ရက် နံနက်၈နာရီတွင် ဟိုလွိုင် ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း (ဟိုလွိုင်) ကျောင်းဝန်း အတွင်း၌ တတိယအကြိမ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် ကော်မတီ ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတို့က သတ်မှတ်နေရာအသီးသီးတွင် တက်ရောက် ၍တပျော်တပါးစိုက်ပျိုးကြသည်။ အဆိုပါ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၄၀)ပင်၊ စိန်ပန်းနီ(၃၀)ပင်၊ စိန်ပန်းပြာ(၂၀)ပင်၊ ခရေ(၂၅)ပင်၊ မဟော်ဂနီ(၁၅)ပင်၊ ဗန်ဒါ(၁၀)ပင်၊ ရေတမာ(၁၀)ပင်၊ စုစုပေါင်း(၁၅၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ထို့နောက် မောက်မယ်မြို့နယ်၂၀၂၅−၂၀၂၆ပညာသင်နှစ် မြို့နယ် ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုအခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)အားကစားကွင်း ၌ ညနေ ၄နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး နောက်ဆုံးဗိုလ်လုပွဲတွင် အ.မ.က(မွေတော်)အသင်းက အ.မ.က(နမ့်လွတ်)အသင်းကို(၆)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်နှင့် တာဝန်ရှိသူများတို့က ငွေသားဆုနှင့်ဆုဖလားများ၊ အကောင်း ဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစား သမားဆု၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆု၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစား သမားဆုများကို အသီးသီးဆုများချီးမြှင့်ပေးအပ်ပြီး ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး