
ပင်းတယ ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့မအားကစားကွင်းတွင် ယမန့်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအ
ခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိန်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပေးသည်။ထို့နောက်စစ်ကြောင်းမှူးမှ ဦးဆောင်၍အားကစားသမားများက အားကစားသစ္စာအဓိဌာန်ကိုရွတ်ဆိုကြပြီး စစ်ကြောင်းပုံစံဖြင့်အလေးပြုပြီးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ဆက်လက်၍အထက၊ပင်းတယနှင့်အထကကြိုသက် ကျောင်းသား/ကျောင်းသူများက ” မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ” တေးသီချင်းဖြင့်လည်းကောင်း၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ” သွေးကြောထဲက အားမာန် ” တေး
သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ပထမပွဲစဉ်အဖြစ် တောင်ပေါ်ကြီးဇုန်ဘောလုံးအသင်းနှင့်ပွေးလှဇုန်ဘောလုံအသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွေးလှဇုန်အသင်းက တောင်ပေါ်ကြီးဇုန်အသင်းကို ငါးဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့ကြောင်း သိရကာ အဆိုပါဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်
ဖြစ်ပြီး၊၎င်းဘောလုံးပြိုင်ပွဲတွင်အမျိုးသားဇုန်အလိုက် (၈)သင်းနှင့်အမျိုးသမီးဇုန်အလိုက် (၈)သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းအားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သီဟဦးထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့