ပင်းတယ ဩဂုတ် ၂၂
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မြို့နယ်လုံး‎ကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၁၃၈၇‎ခုနှစ်၊ဝါခေါင်လကွယ်နေ့၊ဩဂုတ် ၂၂ရက် မွန်းလွဲ ၁ နာရီအ‎ချိန်က ကျင်းပပြုလုပ်ခဲ့သည်။‎အဆိုပါ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်း‎ပွဲတွင် ဌာနဆိုင်ရာများမှ ဗုဒ္ဓရုပ်ပွားတော်များ‎အား ပင့်ဆောင်ကာ ပင်းတယမြို့ပေါ်(၁၃)ရပ်‎ကွက်ရှိဘုန်း‌တော်ကြီးကျောင်းများနှင့်မြို့ပေါ်ပင့်ကျောင်း(၂၉)ကျောင်းမှ ရဟန်းသံဃာ(၃၈၉)ပါး၊ သီလရှင် (၅၃)ပါးတို့မှ ပင်းတယမြို့အဝင် ပင့်ဂူရုပ်ဆိုင်းဘုတ်မှ ပင်းတယ-ရပ်စောက်သွားကားလမ်းမကြီးအတိုင်း မြို့အထွက် မြောက်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းအထိ လှည့်‎လည်အလှူခံကြွရောက်ခဲ့ကြရာလမ်းတစ်‎လျှောက်တွင်  ဒေသအဆင့် ဌာနဆိုင်ရာဝန်ထမ်း‎များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်း‎ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း၊လှူဖွယ်ဝတ္ထုများနှင့်‎အလှူငွေများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး