
တောင်ကြီး ဩဂုတ်၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဝါတွင်းကာလ အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲ အခမ်းအနားကို ဩဂုတ်(၂၁)ရက်၊ နံနက်(၅)နာရီတွင် ကန်အောက်ရပ်ကွက်၊ သာသနာ့လင်္ကာရကမ္ဘောဇ သာသနာ့ဗိမာန်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ အပါအဝင် စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တို့မှ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၇၀)ကျောင်းမှ သံဃာတော် (၉၂၀)ပါးတို့အား အရုဏ်ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ ပူးပေါင်းပါဝင်လောင်းလှူခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး