တောင်ကြီး သြဂုတ်-၂၁

ရှမ်းပြည်နယ်အတွင်းအကြောင်းအမျိုးမျိုးကြောင့်ကျောင်းပြင်ပရောက်ရှိနေရသည့်အသက်(၁၆)နှစ်နှင့်(၁၈)နှစ်အောက်ရှိကလေးများကိုမိမိဘဝရပ်တည်နိုင်ရန်၊မိသားစုဝင်ငွေတိုးတက်စေရန်နှင့်အန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင် ကလေးအ လုပ်သမားပပျောက်စေရန်ရည်ရွယ်၍ သြဂုတ်လ (၂၁) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊လူထုအခြေပြုဗဟိုဌာန(CommunityCenter)၌လူသုံးကုန်၊အလှကုန်နှင့်တန်ဖိုးမြှင့်စားသောက်ကုန် ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်ရှမ်းပြည်နယ်ကလေးအလုပ် သမားပပျောက်ရေးကော်မတီ နာယက၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီကပထမငါးနှစ်စီမံချက်ကာလအတွင်းရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေးသင်တန်း(၃၀)မျိုး မှ သင်တန်းသား (၆၅၇) ဦးကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်သက်မွေးအထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး အလုပ် အက်ိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊၂၀၂၄ -၂၀၂၅ဘဏ္ဍာနှစ်တွင်ရှမ်းပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေးသင်တန်း (၈)မျိုးမှသင်တန်းသား၊သင်တန်းသူ(၂၄၀)ဦးကိုအလုပ်အကိုင်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် သက်မွေးသင်တန်း (၆)မျိုး ဖွင့်လှစ်ရန် ရှမ်းပြည်နယ်အစိုးရမှဘဏ္ဍာရန်ပုံငွေခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊အကြောင်းအမျိုးမျိုးကြောင့်ပညာဆက်လက်သင်ယူခွင့်မရရှိတော့သည့်သင်တန်းသားများအနေဖြင့်သင်တန်းတက်ရောက်ချိန်မှာကြိုးစားသင်ယူပြီးသင်တန်းကရရှိသည့်သက်မွေးပညာနှင့်ဘဝရပ်တည်နိုင်ရေးဆောင်ရွက်နိုင်ကြစေရန်ပြောကြားသည်။
ထို့နောက်ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီနာယက ၊ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက်၊ပညာရေးတာဝန်ခံဆရာမ ဒေါ်နန်းခမ်းကြွားထံ စားစရိတ်ငွေများကိုလည်းကောင်း၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်ကလူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက်သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအားသင်တန်းနည်းပြများထံပေးအပ်ခဲ့ကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်သင်တန်းသား၊သင်တန်းသူများကိုအားပေးစကားပြောကြား၍ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီးလူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူလေးများမှဆေးရောင်စုံခြယ်ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသူများအားပြည်နယ်ဝန်ကြီးချုပ်က ဆုများ ချီးမြှင့်ပေးခဲ့ပြီးကျောင်းသား၊ကျောင်းသူများကိုဗလာစာအုပ်များဝေငှပေးခဲ့ကြကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့၊ရေထွက်ဦးရေကန်တာပေါင်မြှင့်တင်ခြင်းနှင့်လှိုင်းကာကျောက်နံရံစီခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှုရာမြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများမှရေထွက်ဦးရေကန်ဆိုင်ရာရေပေးဝေရေးအချက်အလက်များ၊လုပ်ငန်းဆောင်ရွက်နေမှုများနှင့်တောင်ကြီးမြို့၊ရေစီးရေလာကောင်းမွန်ရေးအတွက်ကွင်းဆင်းတိုင်းတာပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းများကိုမိုးမကုန်မီအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် ရေကြီးရေလျှံမှုမဖြစ်စေရေးရေစီးရေလာကောင်းမွန်စေရေးအတွက်ဗိုလ်ချုပ်လမ်းတလျှောက်ရှိပင်မရေဆိုးထုတ်မြောင်းအားမြင်းစီးရုပ်အနီးရှိလမ်းဖြတ်တံတားနှင့်စဝ်စံထွန်းဆေးရုံအနီးရှိလမ်းဖြတ်တံတားများမှတဆင့်ရေခွဲထုတ်စေလွှတ်နိုင်ရေးဦးစားပေးဆောင်ရွက်‌ပေးရန်လိုအပ်ပါကြောင်း၊တောင်ကြီး၊အေးသာယာ၊အောင် ပန်း၊ကလောမြို့များတွင်တိုးချဲ့ရေပေးဝေရေးလုပ်ငန်းများကိုလည်းစဥ်းစားဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ရေထွက်ဦးလမ်း၊လမ်းဘေးဝဲ၊ယာမြေညှိခြင်းဆောင်ရွက်နေမှုအခြေအနေနှင့်တောင်ကြီးခရိုင်၊မြို့နယ်စုပေါင်းရုံးရှေ့တွင်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည်ယနေ့မွန်းလွဲပိုင်းကပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့၊ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံရှေ့သို့ရောက်ရှိရာနိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပင်စင်စား(၁)ဦးကိုတစ်လလျှင်ဆန်(၈)ပြည်၊စားအုန်းဆီ(၁)ပိဿာတို့ကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို လည်းကောင်း၊ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ရှမ်းပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှသက်သာသော ဈေးနှုန်းဖြင့် ကြက်ဥရောင်းချပေးနေမှုကို လည်းကောင်း၊ပင်စင်ထုတ်ရက်တွင်ပင်စင်စားဝန်ထမ်းများကလာရောက်ဝယ်ယူနေမှုကိုလည်းကောင်းကြည့်ရှုပြီးပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်၂၀၂၅ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ် (အမျိုးသား)ဒုတိယနေ့ပွဲစဥ်များ ယှဉ်ပြိုင်နေမှုကိုတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။အဆိုပါဒုတိယနေ့ပွဲစဥ်များကိုပြည်နယ်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ၊အားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ဒုတိယနေ့ပြိုင်ပွဲတွင်အုပ်စု(ဂ)မှရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ယှဥ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊မကွေးတိုင်းဒေသကြီးအသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ယှဥ်ပြိုင်ကစားကြရာဧရာဝတီတိုင်းဒေသကြီးအသင်းကသုံးဂိုးနှစ်ဂိုးဖြင့်လည်းကောင်း၊အုပ်စု(ဃ)မှပဲခူးတိုင်းဒေသကြီးအသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဥ်ပြိုင်ကစားကြရာမန္တလေးတိုင်းဒေသကြီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊အုပ်စု(က)မှရှမ်းပြည်နယ်အသင်းနှင့်ချင်းပြည်နယ်အသင်းတို့ယှဥ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက သုံးဂိုးဂိုးမရှိဖြင့်လည်းကောင်း၊မွန်ပြည်နယ်အသင်းနှင့်ရခိုင်ပြည်နယ်အသင်းတို့ယှဥ်ပြိုင်ကစားကြရာမွန်ပြည်နယ်အသင်းကလေးဂိုးဂိုးမရှိဖြင့်လည်းကောင်းအနိုင်ရရှိသွားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး