တောင်ကြီး သြဂုတ်-၁၉
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့်အခြေခံကွန်ပျူတာသင်တန်းအမှတ်စဥ်(၂/၂၀၂၅)၊Bakery&Snackအမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဥ်(၂/၂၀၂၅)နှင့်လူသုံးကုန် ပစ္စည်းများထုတ်လုပ်မှုသင်တန်းအမှတ်စဥ်(၂/၂၀၂၅)သင်တန်းများဖွင့်ပွဲကိုသြဂုတ်လ(၁၉)ရက်နံနက် (၉)နာရီကတောင်ကြီးမြို့နယ်၊အေးသာယာမြို့ပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင် တန်းစင်တာအစည်းအဝေးခန်းမ၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရှမ်းပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာ ရန်ပုံငွေဖြင့်သက်မွေးပညာသင်တန်းများကိုယခင်(၁၄)ကြိမ်ဖွင့်လှစ်၍သင်တန်းသား၊သင်တန်းသူ (၂၈၀)ဦးကိုသက်မွေးပညာများသင်ကြားပေးနိုင်ခဲ့ပြီးယခုသင်တန်း(၃)ခုပါဝင်မည်ဆိုပါကစုစုပေါင်းသင်တန်း(၁၇)ကြိမ်ရှိပြီဖြစ်၍သင်တန်းသား၊သင်တန်းသူပေါင်း(၃၄၀)ဦးကိုသက်မွေးပညာသင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊Bakery&Snackအမျိုးမျိုးထုတ်လုပ်မှုသင်တန်းမှသင်တန်းသား၊သင် တန်းသူ များအနေဖြင့်လည်းသင်တန်းနည်းပြဆရာ၊ဆရာမများက သင်ကြားပေးသည့် နည်းစနစ် များကိုသေချာလေ့လာမှတ်သား၍မိမိတို့ကိုယ်တိုင်လုပ်ငန်းလုပ်ကိုင်နိုင်အောင်ကြိုးစားသင်ယူကြ ရန်ပြောကြားလိုကြောင်း၊လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုသင်တန်းသားများအနေဖြင့်မိမိတို့နေ့စဥ် စားဖိုဆောင်နှင့်တစ်ကိုယ်ရေသန့်ရှင်းရေးတွင်မရှိမဖြစ်အသုံးပြုသောဆပ်ပြာဆီမျိုးစုံ၊ဆပ်ပြာခဲမျိုးစုံခေါင်းလျော်ရည်မျိုးစုံစသည့်နေ့စဥ်သုံးစွဲရသည့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့်နည်းပညာ များကိုလေ့လာသင်ကြားကြရမည်ဖြစ်ပြီးသင်တန်းပြီးစီးပါကမိမိတို့မိသားစုနှင့်မိမိတို့ပတ်ဝန်းကျင်အတွက်အကျိုးပြုသည့်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်အောင်ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ကသင်တန်းသား၊သင်တန်းသူများအားသင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီးသင်တန်းခန်းမမျနှင့်စားဖိုဆောင်တို့ကိုလှည့်လည်ကြည့်ရှု၍သင်တန်းသားသင်တန်းသူများနှင့်သင်တန်းနည်းပြများကိုအားပေးစကားပြောကြားပြီးငလျင်ဒဏ်ကြောင့်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာအဆောက်အဦအက်ကွဲခဲ့သည့်နေရာနှင့်သင်တန်းအိပ်ဆောင်အခန်းများထိခိုက်မှုအချို့တို့ကိုလိုက်လံကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အေးသာယာရထားသံလမ်းနှင့်ကားလမ်းအား ကြည့်ရှုစစ်ဆေးပြီးတိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့သွားသည့်လမ်းဘေးဝဲယာတွင်မြက်များ၊အမှိုက်များကိုသန့်ရှင်းရေးဆောင်ရွက်ပေးရန်နှင့်ရပ်ကွက်သန့်ရှင်းရေးအတွက်အပတ်စဥ်စနေနေ့တိုင်းရပ်ကွက်နေပြည်သူများမှမိမိအိမ်ရှေ့သန့်ရှင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အေးသာယာထုံးဖိုစျေးအားသွားရောက်ကြည့်ရှုစစ်ဆေးရာဆိုင်ခန်းများရှေ့တွင်သပ်သပ်ရပ်ရပ်ဖြစ်စေရေးအတွက်ကွန်ကရစ်ခင်းခြင်းဆောင်ရွက် ပေးရန်၊မြို့ပေါ်သန့်ရှင်းသာယာလှပရေးအတွက်ချုံနွယ်မြက်များရှင်းလင်းဆောင်ရွက်ပေးရန်နှင့် လမ်းဘေးပျံကျစျေးသည်များစနစ်တကျရှိစေရေးတို့ကိုဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းတာ ဝန်ရှိသူများအားဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတိုင်းရင်းသားရိုးရာ ယဥ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ရန်ပုံငွေများပေးအပ်ပွဲအခမ်းအနားကိုတက်ရောက်ကြသည်။ အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရှမ်းပြည်နယ်အစိုးရအဖွဲ့ကပေး အပ်သည့်ရန်ပုံငွေများကိုသက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း၊အဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်မိမိတို့၏ရိုးရာယဥ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင်အကျိုးရှိရှိအသုံးပြုသွားကြရန်မှာကြားလိုကြောင်း၊တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဓလေ့ထုံးတမ်းအစဥ်အလာများကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်မျိုးဆက်သစ်တိုင်းရင်းသားလူငယ် များအားမိမိတို့ရိုးရာယဥ်ကျေးမှုကိုချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်အောင်လက်ဆင့်ကမ်းထိန်း သိမ်းနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ပေးကြရန်ပြောကြားလိုပါကြောင်း၊တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းသာယာသည့်အနာဂါတ်နိုင်ငံတော်ကြီးပေါ်ထွန်း လာရေးအတွက်တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းစည်းလုံးညီညွတ်မှု၊အပြန်အလှန် နားလည် မှုဖြင့် ပူးပေါင်းပါဝင်ကြပြီး ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရန်ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ယင်းကြားစာပေနှင့်ယဥ်ကျေးမှုအသင်း၊ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)၊ထနော့စာပေနှင့်ယဥ် ကျေးမှုအသင်း၊မြောင်ဇီးအမျိုးသားတိုးတက်ရေးနှင့်ယဥ်ကျေးမှုအဖွဲ့၊တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအသင်း၊ကချင်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း၊ယင်းနက်စာပေနှင့်ယဥ်ကျေးမှုအသင်း၊ကိုးကန့်စာပေနှင့်ယဥ်ကျေးမှုအသင်း၊လွယ်လုံပညာဗောဓိပရဟိတကျောင်း၊အင်းသားစာပေယဥ် ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း၊လီဆူစာပေနှင့်ယဥ်ကျေးမှုအသင်း၊ဓနုတိုင်းရင်းသားရေးရာအဖွဲ့ ချုပ်တို့အားရန်ပုံငွေများပေးအပ်ခဲ့ကြကြောင်းသိရသည်။
ယင်းနောက်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း၊အဖွဲ့များကိုယ်စားထနော့စာပေနှင့်ယဥ် ကျေးမှုအသင်းမှတိုင်းရင်းသူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်အခမ်းအနားသို့တက်ရောက်လာကြသည့်တိုင်းရင်းသားစာပေယဥ်ကျေးမှုအသင်း၊အဖွဲ့ များအားရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်းသိရှိရသည်။ အဆိုပါရှမ်းပြည်နယ်အစိုးရအဖွဲ့မှတိုင်းရင်းသားရိုးရာယဥ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက်ယနေ့ပေးအပ်သည့်ရန်ပုံငွေစုစုပေါင်းမှာကျပ်သိန်း၉၉,၈၃၅,၀၀၀ိ/(ကျပ်ကိုးရာကိုးဆယ့်ရှစ်သိန်းသုံးသောင်းငါးထောင်တိတိ)ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး