ကလော ဩဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများက ဩဂုတ် ၂၁ရက်နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာများပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်ပင်စင်လစာထုတ်ယူကြသောနိုင်ငံ့ဝန်ထမ်းများ၏အငြိမ်းစားပင်စင်များလာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာထုတ်ယူနိုင်ရေးကိုအစဉ်အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊မိဘပင်စင်စားကိုယ်တိုင်မထုတ်ယူနိုင်ပါကကိုယ်စားလှယ်မှတဆင့်ထုတ်ယူနိုင်ပြီးလက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှထုတ်ယူရန်ပိုမိုအဆင်ပြေမည့်မိမိနှစ်သက်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲသို့ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်း၊နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊လက်ဗွေ Scan ဖတ်ခြင်း၊ လိုအပ်သည့်ကိုယ်ရေး အချက်အလက်ထည့်သွင်းခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး