ဆီဆိုင် ဩဂုတ်-၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး ဦးလှဝင်းက ပညာရေးနှင့် အားကစားကဏ္ဍဆိုင်ရာများကို ပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(ဆီဆိုင်)ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကျင်းပပြု လုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါကျောင်းကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲတွင် မူလတန်းအဆင့် (၅) သင်း၊ အလယ်တန်းအဆင့် (၅) သင်း၊ အထက်တန်း အဆင့် (၅) သင်း၊ စုစုပေါင်း (၁၅) သင်းတို့ဖြင့် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအား ဩဂုတ်လ (၁၉)ရက်နေ့မှ ဩဂုတ်လ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး