ကျိုင်းတုံ ဩဂုတ်-၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ( ၂၀) ရက် နံနက်(၁၀) နာရီတွင် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၊ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ခရိုင်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ(တာချီလိတ်)မှ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်း ဗီဒီယိုကာရာအိုကေ လိုင်စင်လျှောက်ထားလာခြင်းအား တင်ပြလာခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၊ အဖွဲ့ဝင်များဖြင့် လိုင်စင်လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး