ပင်းတယ ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ဒေသဦးစီးဌာနရုံး အစည်းအဝေး‎ခန်းမ၌ ဩဂုတ်လ၁၉ရက်နံနက် ၉ နာရီခွဲအချိန်က တိရစ္ဆာန်အစာပင် (နေဗီယာ၊မွန်ဘားဆား၊ရှုဇီမြက်မျိုးများ) စိုက်ပျိုးကျွေးမွေးခြင်း၊မြင်ချဉ်ဖတ်ပြု‎လုပ်ခြင်းနှင့်ကောက်ရိုးပြုပြင်ကျွေးမွေးခြင်း သင်တန်းကိုဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိ‎ရသည်။
‎ ဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌကိုယ်စား ဦးစီးအရာရှိမှ အဖွင့်အမှာစကားပြောကြားပေးပြီး၊မွေးမြူ‎ရေးနှင့်ကုသရေးဦးစီးဌာန၊ဒေသဦးစီးမှူးက သင်တန်းဖွင်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
‎ထိုနောက် တာဝန်ရှိသူများမှ သင်တန်းမှတ်စုစာ‎အုပ်များကို သင်တန်းသား/သင်တန်းသူများကို‎ပေးအပ်ခဲ့ကြောင်းနှင့်အဆိုပါသင်တန်းအား ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်‎ကြောင်း သိရှိရပြီး၊၎င်းသင်တန်းတွင် သင်တန်း‎သား/သင်တန်းသူ စုစုပေါင်း ၂၀ ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
‎ဆက်လက်၍ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊အင်းငယ်ကျေးရွာ‎အုပ်စု၊အင်းငယ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ နံနက် ၁၀ နာရီခွဲအချိန်က ပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦး‎စီးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့်တာဝန်ရှိသူများ‎နှင့်ကျေးရွာသူ/ကျေးရွာသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ပထမဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦး‎စီးအဖွဲ့ဥက္ကဌဦးအာကာလင်းက ပင်းတယမြို့‎နယ်တွင် ‌ပြီးခဲ့တဲ့ဇူလိုင်လ ၂၈ ရက်က သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားခဲ့ရသည့် ရေကြီးမှုနှင့်တောင်ပေါ်မြေများပြိုကျခဲ့ရသည့်အခြေ‎အနေများ၊လမ်းတံတားနှင့်စိုက်ပျိုးမြေများပျက်
‎စီးခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်၍ ဒေသခံကျေးရွာသူ/ကျေးရွားသားများအနေနှင့်လက်တွေ့ကြုံတွေ့ခဲ့ရပြီဖြစ်ပါကြောင်း၊ဒီလို သ‎ဘာဝ‌ဘေးဖြစ်ပေါ်လာရခြင်း အကြောင်းရင်းက‎တောတောင်များ ခုတ်ထွင်ရှင်းလင်းရာမှ တော‎တောင်များပြုန်းတီးလာခြင်းက အဓိကဖြစ်ရာ‎ကျေးရွာနေမိဘပြည်သူများအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် ‎ထိထိမိမိ သစ်ပင်များကို ပြန်လည်စိုက်ပျိုးပေး‎စေလိုကြောင်း၊သစ်ပင်များပြန်လည်စိုက်ပျိုး‎နိုင်ရန်အတွက်လည်း မိမိတို့အနေဖြင့်ဆက်စပ်
‎သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး လိုအပ်‎သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေး‎သွားမည်ဖြစ်ပါကြောင်းနှင့်မိဘပြည်သူများအ‎နေနှင့်မိမိတို့၏ဒေသ စားဝတ်နေရေးဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနများမှ နည်းပညာ‎များရယူကာ ဒီထက်မကတိုးတက်အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် အသိပညာပေးရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ‎ဦးစီးအဖွဲ့ဥက္ကဌက အင်းငယ်ကျေးရွာ၊ရွှေပုထိုး‎‌ကျေးရွာ၊ပြင်သာကျေးရွာနှင့်ညောင်ပင်ဝိုင်း‌‎ကျေးများအတွက် လက်ရိုက်ဆည် (၈)  ခုအ‎တွက်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်းသိ‎ရသည်။‎ထိုနောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက  မိမိတို့၏‎ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်‎ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်
‎ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။မွန်းလွဲပိုင်းတွင် အင်းငယ်ကျေးရွာအုပ်စုအ‎တွင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်‎ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်တို့၏ ၎င်းတို့ဆောင်ရွက်နေ စီးပွားရေးလုပ်ငန်းအခြေ‎အနေတို့ကို သွားရောက်ကြည်ရှုလေ့လာကာ ယ‎ခုထက်ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွင့်ပြုငွေဖြင့်လိုအပ်သည်များအား ဖြည့်ဆည်းဆောင်‎ရွက်‌ပေးရန်ကိုလည်းကောင်း၊ထိုမှပင်းတယမြို့ ဈေးတန်းရပ်ကွက်ရှိ အမေ့အိမ် ဓနုဒေသထွက် သဘာဝထုတ်ကုန်များနှင့်သဘာဝဆေးဖက်ဝင်ဓါတ်စာများ အရောင်းဆိုင်သို့သွားရောက်၍ အသစ်ထုတ်လုပ်ရောင်းချနေသည့် ထုတ်ကုန်အသစ်ပစ္စည်းများကို ကြည့်ရှုကာ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး