
တောင်ကြီး ဩဂုတ်၁၉
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်(အမျိုးသား) ပြိုင်ပွဲဝင်အသင်းများကို ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားအား ဩဂုတ်လ(၁၉)ရက်၊ ညနေ(၃)နာရီခွဲတွင် သစ်တောရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ နှင့်နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ အပါအဝင် စုစုပေါင်း အင်အား(၃၅၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူလိုက်ပါ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး