
မောက်မယ် သြဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၂၀၂၅−၂၀၂၆ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၂)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)အားကစားကွင်း၌ ယနေ့ နေ့လယ် ၂နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ကပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသားအားကစားသမားများအနေဖြင့်စည်းကမ်းရှိရှိစနစ် တကျယှဉ်ပြိုင်ကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင် က လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့်အားကစားသမားကောင်း များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသက်(၁၂)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သော အားကစားသမားများနှင့် ပရိတ်သတ်များတို့က နိုင်ငံတော်အလံကိုအလေးပြုကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ် ဆိုခဲ့ကြပြီး အ.ထ.က(မောက်မယ်)နှင့်အ.မ.က(မွေတော်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး