
ကလော ဩဂုတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့နယ်၊အောင်ပန်းမြို့ တွင် မြန်မာ့မီးရထားနှင့်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ အောင်ပန်းမြို့ရထားလမ်းဘေး နယ်နိမိတ် ရထားပိုင်နယ်မြေအတွင်းကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိ နေအိမ်များအား လုပ်ငန်းနည်း ဥပဒေများနဲ့အညီတာဝန်ရှိသူများကဖယ်ရှားရှင်းလင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊အောင်ပန်းမြို့၊မြန်မာ့မီးရထားတိုင်းအမှတ်(၄)တိုင်းတာဝန်ခံ နှင့်အဖွဲ့ဝင်များပူးပေါင်း၍ ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၂ နေ့အထိ အောင်ပန်းမြို့၊ရထားလမ်းဘေးနယ်နိမိတ်၊ရထားပိုင်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လျက်ရှိသော အိမ်နှင့်ခြံဝန်းများကို မြန်မာ့မီးရထားမှ စက်ယန္တရားနှင့်ဝန်ထမ်းအင်အားများဖြင့် ကျူးကျော်အိမ်နှင့်ခြံဝန်းစုစုပေါင်း (၂၈၈) လုံးကို ၂၀၁၈ ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင် ပြဌာန်းထားသော ရထားပို့ဆောင်ရေးလုပ်ငန်းနည်းဥပဒေများ အခန်း(၁၄)အရ လုပ်ထုံး၊လုပ်နည်းနဲ့အညီ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ပန်းမြို့မြန်မာ့မီးရထားတိုင်းအမှတ်(၄)အနေဖြင့် ရထားလမ်းဘေးနယ်နိမိတ် ရထားပိုင်နယ်မြေအတွင်းကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိသော ကျူးကျော်သူများအား မိမိအစီအစဉ်ဖြင့်ဖယ်ရှားရှင်းလင်းပေးရန်တွက် ၂၆-၃-၂၀၂၅ နေ့မှစ၍ ၃၀-၇-၂၀၂၅ ရက်နေ့အထိလေးကြိမ်တိုင်တိုင် ခေါ်ယူ၍ အသိပေးအကြောင်းကြားခြင်း၊ဆောင်ရွက်ခဲ့သော်လည်း၊ဖယ်ရှားရှင်းလင်းခြင်းမရှိသည့်အတွက် ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှမြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မီးရထားပိုင်နယ်မြေအတွင်းကျူးကျော်အိမ်နှင့်ခြံဝန်းဖယ်ရှားရှင်းလင်းနိုင်ရေးညှိနှိုင်းအစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၁ ရက် နေ့မှ ၁၂ နေ့အထိလုပ်ထုံး၊လုပ်နည်းနဲ့အညီ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး