
ကျိုင်းတုံ ဩဂုတ်- ၂
ပစခ၊ ဥက္ကဌ ဦးတင်လင်း သည် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ပြည်နယ်လမ်းဦးစီးဌာနမှူး ဦးသူရဇာ်၊ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုးဝေနှင့်တာဝန်ရှိသူများသည် ဩဂုတ်လ ၂ ရက် နံနက်(၉)နာရီခွဲတွင် လိုက်ပါလျက် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့သို့ ထွက်ခွာလာရာ ၁၁:၃၀အချိန်တွင် ရောက်ရှိခဲ့ပြီး နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(မိုင်းပျဉ်း-ကျိုင်းတုံအပိုင်း)(၃၅၈/၆-၃၅၈/၇)မိုင်အတွင်း (၃၀-၇-၂၀၂၅)ရက်နေ့၊ နေ့လည်(၁၁)နာရီခွဲခန့် (တုံတာမြို့တွင်း) လမ်းပခုံပဲ့ကျမှုနှင့် ကတ္တရာကွန်ကရစ် (AC)လမ်းသား ပဲ့ကျမှုဖြစ်ပွားသည့်နေရာအား ကြည့်ရှူ့စစ်ခြင်း၊ ပဲ့ကျသည့်နေရာအား အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်းနှင့် လမ်းသား ၇ပေနှင့် လမ်းပခုံသား၇ပေ စုစုပေါင်းလမ်းအကျယ်(၁၄ပေ) ပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိပါကြောင်းနှင့် ဖြစ်စဉ်နေရာအား မျောတုတ်ရိုက်မြေဖို့ခြင်း၊ မြေသားတာဘောင်အရှည် ၇၄ ပေ အား ပုံမှန်လမ်းသား အကျယ်အပြည့် ပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး