Select Page

တောင်ကြီး                                                                                                         အောက်တိုဘာ-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိန်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၃)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ တပင်ရွှေထီးလမ်း (ဗိုလ်ချုပ် လမ်းနှင့်စဝ်စံထွန်းလမ်းကြားတွင်) အထပ်မြင့်ယာဥ်ရပ်နားစခန်း (MultiStorey Parking Garage) တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပန္နက်တင်မင်္ဂလာအခမ်းအနားမုခ်ဦးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သီဟဖွံ့ဖြိုးတိုးတက်ရေး ကုမွဏီတာဝန်ရှိသူတစ်ဦးက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာနှင့်ပန်းဖွားအဖွဲ့၊ ရှမ်းတိုင်းရင်းသား ကိန္နရီ/ကိန္နရာနှင့် တိုးနယားအဖွဲ့၊ ပညာရေးဒီဂရီကောလိပ် ဆရာမများအား ဂုဏ်ပြုဆုငွေများပေးအပ်သည်။
၎င်းနောက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်ထားသော မင်္ဂလာပန္နက်နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်တွင် ပန္နက်တိုင်များ စတင်စိုက်ထူရိုက်ပေးကြပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေး၍ ပန္နက်တင် မင်္ဂလာ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ခရုသင်းမှုတ်ကာ အောင်ဂါထာများ ရွတ်ဆိုပေးကြကြောင်း သိရှိရသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စီမံကိန်းဆိုင်ရာ ခင်းကျင်း ပြသ ထားမှုများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများသည် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မိမိတို့ နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး ဘက်စုံဖွံဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အနေနဲ့လည်း စိုက်ပျိုးရေး ကဏ္ဍတွင် လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ပြီး သီးညှပ်၊သီးထပ်စိုက်ပျိုးရာတွင် ပန်းတိုင် အထွက်နှုန်းရရှိရန်လိုအပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ဒေသနေလူဦးရေကို စိစစ်၍ အသား၊ငါး ဖူလုံမှုရှိစေရေး မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းရေးကို စနစ်တကျ စိစစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍက အရေးကြီးပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ “ပညာ သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ ကျောင်းနေမြဲပြီး တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေးနှင့် အနည်းဆုံး(KG+9)ပြီးမြောက်နိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ် အတွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်မှ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်း များရရှိပြီး လူတစ်ဦးချင်းဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နေမှုများအား လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးများနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများက လိုအပ် သည်များ ဆွေးနွေးတင်ပြ၍ အထွေထွေ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့