လားရှိုး ဧပြီ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြို့မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြို့မဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အား “ရန်တိုင်းအောင်ဈာပနကွင်း”၌ ဧပြီလ ၇ ရက်နေ့ နေ့လည် ၁ နာရီတွင် ဆင်ယင်ကျင်းပမည်ဖြစ်သည်။
အဆိုပါ လားရှိုးမြို့၊ မြို့မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူသော မြို့မဆရာတော်ဘုရားကြီး ဘဒ္ဒန္တကလျာဏ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သက်တော် ၆၉ နှစ်၊ သိက္ခာတော် ၄၉ ဝါသည် တန်ခူးလဆန်း ၇ ရက်၊ မတ်လ ၂၄ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို တန်ခူးလပြည့်ကျော် ၆ ရက် ဧပြီလ ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် “ရန်တိုင်အောင်ဈာပနကွင်း” ၌ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင် ဆင်ယင်ကျင်းပမည်ဖြစ်၍ ရပ်နီး၊ ရပ်ဝေးမှ တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား လာရောက်ပါဝင် သံဝေဂပွားနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့