
တောင်ကြီး သြဂုတ်-၂၆
(၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှအဆို၊အက၊အရေး၊အတီးပြိုင်ပွဲပြည်နယ်အဆင့်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုသြဂုတ်(၂၆)ရက်နံနက်ပိုင်းကတောင်ကြီးမြို့ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယကရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက(၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲကိုရှမ်းပြည်နယ်အနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီးထိုက်သင့်သည့်အောင်မြင်မှုရရှိရန်လိုအပ်ပါကြောင်း၊မိမိပြည်နယ်၏ဂုဏ်ကိုမြှင့်တင်နိုင်ရန်အတွက်ယခုအစည်းအဝေးကိုတက်ရောက်လာသည့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာများနှင့်ပညာရှင်များမှကော်မတီအလိုက်ကျရာကဏ္ဍအသီးသီးမှပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်လိုအပ်ချက်များရှိပါကအချိန်နှင့်တပြေးညီတင်ပြဆွေးနွေးသွားကြရန် ပြောကြားသည်။
ထို့နောက်(၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ပြည်နယ်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူနှင့်ကော်မတီအတွင်းရေးမှူးတို့ကပြိုင်ပွဲကျင်းပမည့်အစီအမံများအားဆွေးနွေးတင်ပြကြပြီးတက်ရောက်လာကြသည့်လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများကတာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများအားကဏ္ဍအလိုက်အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၎င်းနောက်အခမ်းအနားတက်ရောက်လာကြသူများမှအထွေထွေဆွေးနွေးတင်ပြကြရာဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မွန်းလွဲပိုင်းကရွှေညောင်-တောင် လေးလုံးသွားလမ်း၊တောင်လုံးကျေးအုပ်စု၊သနပ်ခါးကျေးရွာရှိ`မြဘုရင်သကြားစက်ရုံတွင်ဒေသထွက်ကြံများအားကုန်ချောအဖြစ်တိုးမြှင့်ထုတ်လုပ်ဆောင်ရွက်နေမှုတို့ကိုသွားရောက်ကြည့်ရှုရာရှင်းလင်းဆောင်ခန်းမ၌မြဘုရင်သကြားစက်တာဝန်ရှိသူများမှသကြားစက်ရုံနှင့်စပ်လျဉ်း၍VideoClipဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်သကြားစက်ရုံအားလည်းကောင်း၊ကြံစိုက်ပျိုးထားရှိမှုအားလည်းကောင်း၊ စက်မှုကဏ္ဍမြင့်တင် ဆောင်ရွက်ထားရှိသည့် ကြံစိုက်ပျိုးရာတွင် အသုံးပြုသောနယူးဟော်လန်ထွန်စက်နှင့်ကြံရိတ်သိမ်းစက်တို့ကိုလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာစက်ရုံတာဝန်ရှိသူများမှရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့