
တောင်ကြီး သြဂုတ်-၁၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတာဝန်ရှိသူများနှင့်အတူသြဂုတ်(၁၉)ရက်ညနေပိုင်းကအများပြည်သူများအပန်းဖြေအနားယူနိုင်သည့်တောင်ကြီးမြို့ပေါ်ရှိမြကန်သာပန်းခြံသန့်ရှင်းသာယာလှပရေးအတွက်သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြကြောင်းသိရသည်။
ဦးစွာ မြကန်သာပန်းခြံအတွင်းရှိ ဆောက်အဦများ၊ ပန်းခြံအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ပန်းခြံရေရှည်ထိန်းသိမ်းနိုင်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းသဘောတူစာချုပ်အချက်အလက်များနှင့်စပ်လျဥ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မြကန်သာယာပန်းခြံတွင်ဖွင့်လှစ်ထား သည့်ဓါတ်ပုံပြခန်း၊ပန်းချီပြခန်းနှင့်ကန်ပတ်လမ်းတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့ဂနိုင်ကန်သာယာပန်းခြံအားသွားရောက်ကြည့်ရှုစစ်ဆေးရာဂနိုင်ကန်သာယာပန်းခြံနှင့်စပ်လျဥ်း၍ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးခွန်ထွန်းဖြူကလည်းကောင်း၊ဂနိုင်ကန်သာယာပန်းခြံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဥ်များနှင့်စပ်လျဥ်း၍ECOCAREကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကလည်ကောင်းရှင်းလင်းတင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးဂနိုင်ကန်သာယာပတ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကာသိပ္ပံလက်တွေ့ခန်းမ၌ကျောင်းသား၊ကျောင်းသူများမှသိပ္ပံလက်တွေ့သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့