Select Page

တောင်ကြီး သြဂုတ်-၁၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူသြဂုတ်(၁၇)နံနက်ပိုင်းကတောင်ကြီးမြို့၊ကံကြီးရပ်ကွက်၊ထီဖောင်းကျေးရွာအုပ်စုတွင်(၄)ခန်းတွဲ(၄)ထပ်နိုင်ငံ့ဝန်ထမ်းအိမ်ရာဆောင်လုပ်ပြီးစီးမှုနှင့်ပြည်သူ့အငှားအိမ်ဆောက် လုပ်နေမှုအခြေအနေတို့ကိုသွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း ကြသိရသည်။
ဦးစွာမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကတောင်ကြီးမြို့၊ထီဖောင်းကျေးရွာတွင်နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့်ပြည်သူ့အငှားအိမ်ရာများအကွက်ချပုံစံ၊အခန်းဖွဲ့စည်းပုံတို့ကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄)ခန်းတွဲ (၄)ထပ် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့်အခန်းဖွဲ့စည်းထားရှိမှုအခြေအနေများကိုလည်ကောင်း၊ပြည်သူ့အငှားအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့