Select Page

တောင်ကြီး သြဂုတ်-၁၂
၂၀၂၆ခုနှစ်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကိုသြဂုတ်(၁၂)ရက်နံနက်ပိုင်းက တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက လူငယ်များသည်လူ့ဘောင်အဖွဲ့အစည်းအတွက်အားကိုးအားထားပြုရသည့်တန်ဖိုးမဖြတ်နိုင်သည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီးအနာဂတ်ကမ္ဘာကိုပုံဖော်ရေးဆွဲကြမည့်အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ပါကြောင်း၊ခေတ်စနစ်ဘယ်လိုပြောင်းလဲစေကာမူလူငယ်မျိုးဆက်သစ်များသည်အတွေးအခေါ်၊အတွေ့ အကြုံ၊အရည်အသွေး၊အစွမ်းအစများနှင့်ပြည့်စုံပြီးထူးချွန်ထက်မြက်နေသူများဖြစ်ကြရမှာဖြစ်ပါကြောင်း၊အသိပညာ၊အတတ်ပညာနှင့်အတွေးအခေါ်ထက်မြက်မြင့်မားသည့်လူသားအရင်းအမြစ်များစဥ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကြဥ်းနိုင်မှာဖြစ်ပါကြောင်းပြောကြားသည်။
ထိုနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးလင်း အောင်ဆွေကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏၂၀၂၆ခုနှစ်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက်ပေးပို့သည့်သဝဏ်လွှာအားဖတ်ကြားသည်။
၎င်းနောက်၂၀၂၆ခုနှစ်အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်လူငယ်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းVideoClipပြသပြီးပညာရေးဒီဂရီကောလိပ်မှသင်တန်းသား၊သင်တန်းသူများမှ“လူငယ်စွမ်းရည်လူငယ်ဂုဏ်ပြုတေးသီချင်းဖြင့်လည်းကောင်း၊“ထာဝရသစ္စာတေးသီချင်းဖြင့်တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအကဖြင့်လည်းကောင်းဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက်ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကဖျော် ဖြေရေးအဖွဲ့များအားဂုဏ်ပြုချီးမြှင့်ငွေနှင့်အသိပညာပေးဟောပြောမည့်ဆရာ၊ဆရာမ(၂)ဦးအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍အခမ်းအနားဒုတိယပိုင်းတွင်စမ်းလပမာပရဟိတကျောင်းလူငယ်လေးများကရှမ်းရိုး ရာ ယဥ်ကျေးမှုအကဖြင့်ဖျော်ဖြပြီးရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှစာရေးဆရာမငွေ ခြည်လင်းလက် ကဗလငါးတန်ဖြင့်အနာဂတ်ကိုတည်ဆောက်ကြစို့ခေါင်းစဥ်ဖြင့်အသိပညာပေးဟောပြီး Myanmar Youth Fellowship (MYF)မှ လူငယ်လှုပ်ရှားမှု Promotion Video Clip အား ပြသသည်။
၎င်းနောက်MyanmarYouthFellowshipမှMindSpecialistဆရာဦးတင်နိုင်ထွန်းကလူငယ်များဗလငါး တန်ဖွံ့ဖြိုးရေးအတွက်လေးလေးနက်နက်စဥ်းစားတွေးခေါ်ခြင်းလခါင်းစဥ်ဖြင့်အသိပညာပေးဟောပြောပြီးပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များအားဥာဏ်စမ်းပြိုင်ပွဲကျင်းပပေးပြီး ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက်MyanmarYouthFellowshipမှလူငယ်လေးများ(AzaleaStar)အဖွဲ့ကVietnamသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့