Select Page

လွိုင်လင် သြဂုတ်-၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်ယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၈)ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းပွန်ရှိ မိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(၄/၁၅၃)တွင် မိုင်းပွန်တံတား(၂၂၀)ပေ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စုတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စျေးကွက်ဝင် ၂၀၂၆နှစ် စမ်းသပ်စိုက်ပျိုးသည့် ပေါ်ဆန်းမွှေးနှင့် ဘာစမာတီစပါး စိုက်ပျိုးထားရှိမှုကွင်းသရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဓာတ်မြေသြဇာများထောက်ပံ့ပေးအပ်ပြီး စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ခဲ့ကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပိုင်ရပ်ကွက်၌ ၂၀၂၆၂၀၂၇ဘဏ္ဍာရေးနှစ် Clean&Greenရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် နောင်ပါရင်(၈)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြရာ ကပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သြဂုတ်(၉)ရက်နံနက်ပိုင်းက မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ဝမ်တုံကျေးရွာအုပ်စုတွင် မိုင်းတွမ်းတောင်ပေါ်နှင့်မြေပြန့်ဒေသတွင် ၂၀၂၆ခုနှစ်ပေါ်ဆန်းမွှေးစပါး (၆၀)ဧကစမ်းသပ်စိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအက်ခြင်းနှင့် ဓါတ်မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား သို့တက်ရောက်ကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဓါတ်မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြသနေမှုကို ကြည့်ရှုအားပေးပြီး အစီအစဥ်အရပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြား၍ တောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့