
တန့်ယန်း သြဂုတ်-၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူသြဂုတ်(၆)ရက်နံနက်ပိုင်းကတန့်ယန်းမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီးကိုယ့်အားကိုယ်ကိုးသံဃာ့ဆေးရုံနှစ်ထပ်ဆောင်ဆောက်လုပ်ပြီးစီးမှုအခြေအနေအားကြည့်ရှုစစ်ဆေးပြီးဆေးကုသမှုခံယူနေကြသောဒေသခံပြည်သူများကိုအားပေးစကားပြောကြား၍အာဟာရပြည့်စားစရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန့်ယန်းမြို့၊ လုံပုံးကျေးရွာအုပ်စု နောင်ပစ်ကျေးရွာ လွယ်ထမ်းစေတီအဝင် ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာလွယ်ထမ်းစေတီအဝင်က္တရာလမ်းနှင့်စပ်လျဉ်း၍တန့်ယန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကရှင်းလင်းတင်ပြပြီးလွယ်ထမ်းစေတီတော်အဝင်ကတ္တရာလမ်းသစ်အားပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကတန့်ယန်းမြို့အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ ဘင်ခင်ရာတပ်ဖွဲ့၊ ပန်းပွားအဖွဲ့နှင့် ဖဲကြိုးကိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကကတ္တရာလမ်းသစ်အားလှည့်လည်ကြည့်ရှုကြပြီးလွယ်ထမ်းစေတီတော်အဝင် ကတ္တရာလမ်းသစ် မော်ကွန်းကျောက်စာအား ဇယန္တောအောင်ဂါထာဖြင့် မွှေးနံ့သာရည်၊ ကင်ပွန်းရည်တို့ဖြင့် ပက်ဖျန်းပေးကြသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ရှမ်းပြည်နယ်(မြောက်ပိုင်း)လမ်းဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်တန့်ယန်-မိုင်းကောင်-တာမဆွန်လမ်း(၅၀)မိုင်အားသွားရောက်ကြည့်ရှု စစ်ဆေးရာပြည်နယ်လမ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှုးခရိုင်၊မိုင်းရှုးမြို့ပြည်သူ့ဆေးရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီးဆေးကုသမှုခံယူနေကြသောဒေသခံပြည်သူ့များကို အားပေးစကားပြောကြားကာ အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးခဲ့ကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်သည်လွိုင်လင်ခရိုင်၊လဲချားမြို့ရှိပြောင်းသီးနှံအခြောက်ခံစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှ တာဝန်ရှိသူများက စက်ရုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တောင်သူ ဦးစိုင်းဆန်စိုက်ပျိုးထားသည်DU12စပါးစိုက်ခင်း၌စုပေါင်းမြေသြဇာကြဲပက်နေမှုကိုကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လဲချားမြို့၊မြို့မကျေးရွာအုပ်စုအတွင်းရှိနောင်ခမ်း ကန်ပြုခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးရာပြည်နယ်ဆည် မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူအများသည်လဲချားမြို့၊မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ အလှူငွေများလှူဒါန်ပေးကြရာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့