
ဆီဆိုင် သြဂုတ်-၁
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဘုရားကျိန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကိုဇူလိုင်(၃၁)ရက်မွန်းလွဲ(၂)နာရီကအဆိုပါကျေးရွာ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာလျှပ်စစ်မီးဖွင့်အားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်ကလျှပ်စစ်မီးမိန်းခလုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်အခမ်းအနားဆက်လက်ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကကျေးလက်နေပြည်သူများဖွံ့ဖြိုးတိုးတက်စေရေးမရှိမဖြစ်လိုအပ်တဲ့လျှပ်စစ်ဓာတ်အားရရှိရန်နိုင်ငံတော်ဓာတ်အားစနစ်ဖြင့်ဝေးလံ ခေါင်ဖျားသောကျေးရွာများသို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှမဟာဓာတ်အားလိုင်းများ၂၃၀ကေဗွီ၊၁၃၂ကေဗွီပင်မဓာတ်အားခွဲရုံများ၊၆၆ကေဗွီ၊၃၃ကေဗွီထပ်ဆင့်ဓာတ်အားခွဲရုံများအားဘဏ္ဍာနှစ်အလိုက်လျာထားဆောင်ရွက်ပေးခဲ့သလိုရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်းမြို့များ၊ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူပေးရာတွင် လိုအပ်သော၁၁ကေဗွီလိုင်းများ၊၄၀၀ဗို့လိုင်းများနှင့်၁၁/၀.၄ကေဗွီထရန်စဖော်မာများအားဟန်ချက်ညီစွဖြင့်လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယနေ့မီးဖွင့်ပွဲကျင်းပသောဘုရားကျိန်းကျေးရွာအတွက်၁၁ကေဗွီဓာတ်အားလိုင်း(၀.၂၈)မိုင်၊၄၀ဗို့ဓာတ်အားလိုင်း(၀.၄၇)မိုင်နှင့်၁၁/၀.၄ကေဗွီထရန်စဖော်မာ(၁၀၀)ကေဗွီအေ(၁)လုံးအတွက်တည်ဆောက်ကုန်ကျစရိတ်(၁၆၄.၄၃၆)ကျပ်သန်းဖြစ်ပါကြောင်း၊ဘုရားကျိန်းကျေးရွာနည်းတူရက်၁၀၀စီမံကိန်းတွင်ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကျေးရွာ(၄)ရွာနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျေးရွာ(၅)ရွာ စုစုပေါင်း(၉)ရွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်းပြောကြားသည်။
၎င်းနောက်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဦးဇော်မင်းထွန်းမှလျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပြီးဆီဆိုင်မြို့နယ်၊ပါလောပါကယ်ကျေးရွာအုပ်စု၊ဘုရားကျိန်းကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက်ပါလောပါကယ်ကျေးရွာအုပ်စု၊ဘုရားကျိန်းကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအားပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဦးဇော်မင်းထွန်းရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံနေရာအရောက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကျောင်းလွယ်(တောင်)လုံခုတ်ကျေးရွာအုပ်စုတွင်ဒေသထွက်GreenGoldကော်ဖီစက်ရုံအားသွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက Green Gold ကော်ဖီသမိုင်းကြောင်းကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဟိုပုံးမြို့CoffeeNeoစက်ရုံသို့သွားရောက် ကြည့်ရှုရာစက်ရုံတာဝန်ရှိသူတစ်ဦးမှကော်ဖီလုပ်ငန်းနှင့်စပ်လျဥ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိခဲ့ရသည်။