တောင်ကြီး ဇူလိုင်-၂၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊တာဝန်ရှိသူများ၊ကုမ္ပဏီလုပ်ငန်းရှင်များနှင့်အတူဇူလိုင်(၂၈)ရက်နံနက်ပိုင်းကတောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပသောမြန်မာနိုင်ငံကုမ္ပဏီများဥပဒေအကြောင်းအသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်ကြ၍ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက်ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးစိုင်းတင်အောင်သိန်းကမြန်မာနိုင်ငံကုမ္ပဏီများဥပဒေအကြောင်းရှင်းလင်းဆွေးနွေးပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်အခမ်းအနားတက်ရောက်လာကြသည့်ကုမ္ပဏီများလုပ်ငန်းရှင်များအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
၎င်းနောကအခမ်းအနားကိုဆက်လက်ကျင်းပရာရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်ကMyCOစနစ်အသုံးပြုပုံအားလက်တွေ့ရှင်းလင်းဆွေးနွေးပြောကြားပြီးတက်ရောက်လာသည့်ကုမ္ပဏီလုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး