ညောင်ရွှေ ဇူလိုင်-၂၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူဇူလိုင်(၂၅)ရက်နံနက်ပိုင်းကညောင်ရွှေမြို့နယ် ဟဲယာရွာမကျေးရွာအပါအဝင် ကျေးရွာ (၁၅) ရွာအား စုပေါင်းရေပေးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ဟဲယာရွာမကျေးရွာအပါအဝင် ကျေးရွာ (၁၅)ရွာ စုပေါင်းရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးမင်းဆွေကဟဲယာရွာမကျေးရွာအဝင်လမ်း၊လမ်းဖောက်လုပ်ထားရှိမှုအခြေအနေများအားလည်းကောင်းရှင်းလင်းတင်ပြကြပြီးဟဲယာရွာမနေပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကနိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျေးရွာများအတွက်သောက်သုံးရေရရှိရေးနှင့်စိုက်ပျိုးရေရရှိရေးအတွက်အလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ကျေးရွာရေရရှိရေးကော်မတီများအနေဖြင့်လည်းဝိုင်းဝန်းကြိုးစားပေးကြရန် ဖြည့်စွက်ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းပြသထားသော ရေပေးဝေရေးတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်းကောင်း၊ ကျေးရွာ (၃၆)ရွာဖြန့်ဝေသည့် Bio Tank (၆၁၉) လုံးနှင့် ရေပေးဝေရေးတွင် အသုံးပြုသည့် HDPE ရေပိုက်ဆက်နေမှုကိုလည်းကောင်း၊ ရေဖြန့်ဝေပေးသည့် သောက်သုံးရေစင်နှင့် တောင်ခြေရေထွက် တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး