အေးသာယာ ဇူလိုင်-၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၂၃) ရက် နံနက်(၉)နာရီကတောင်ကြီးမြို့နယ်၊အေးသာယာမြို့နောင်အင်ပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်း၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြားပြီးတိုင်းရင်းသားခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးချစ်ဇော်လင်းကတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်နည်း ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထိုနောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကတက်ရောက်လာသည့်တိုင်းရင်းသားများထံ ထောပ်ပံ့ပစ္စည်းများပေးအပ်ရာထနော့တိုင်းရင်းသားအဖွဲ့မှလက်ခံရယူကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက်အခမ်းအနားအစီအစဥ်အရတက်ရောက်လာသည့်တိုင်းရင်းသားအဖွဲ့များအားမူးယစ်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးဇော်ထူးအောင်ကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်နှင့်စပ်လျဉ်း၍လည်းကောင်း၊တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဒေါ်မင်းမင်းသာကတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှရဲအုပ်ဖြိုးဝေက လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးလမင်းသန်းကပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးအေးမာကအမျိုးသမီးအခွင့်အရေး၊မသန်စွမ်းအခွင့်အရေး၊ကလေးသူငယ်အခွင့်အရေးအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များ၊ လူမှုရေးပင်စင်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍တက်ရောက်လာကြသည့်ဗမာတိုင်းရင်းသား၊အင်းသားတိုင်းရင်းသား၊ကယန်းတိုင်းရင်းသား၊လီဆူတိုင်းရင်းသား၊ထနော့တိုင်းရင်းသားလူမျို(၁၂၀)ဦးအားတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းမေးခွန်းလွှာများရှင်းလင်းဆွေးနွေးတင်ပြပြီးစစ်တမ်းအစောင်(၁၀၀)ကောက်ယူခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး