တောင်ကြီး ဇူလိုင်-၂၁
ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းဝေးရေးနှင့်တောင်ကြီးမြို့တွင်းလမ်းကောင်းမွန်ရေး၊ယာဥ်များ သွားလာလွယ်ကူချောမွေစေရေးအတွက်ဇူလိုင်(၂၁)နံနက်ပိုင်းကရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူတောင်ကြီးမြို့၊ကံကြီးရပ်ကွက်ရှိတပေါင်းကွင်း(တောင်)ဘက်ပတ်လမ်းကတ္တရာခင်းခြင်းဆောင် ရွက်ပြီးစီးမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးခွန်ထွန်းဖြူကတောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိတပေါင်းကွင်း(တောင်)ဘက်ပတ်လမ်းအားမြေမှကတ္တရာခြင်း၊(မြောက်)ဘက်နှင့် (အနောက်)ဘက်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍လည်းကောင်းနဂါးရေထွက်လမ်းအားမြေလမ်းမှကတ္တရာခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဥ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကရပ်ကွက်နေပြည်သူများအနေဖြင့်အဆင့်မြှင့်တင်ဆောင်ရွက်ပေးထားသည့်လမ်းများကိုရေရှည်တည်တံ့ကောင်းမွန်စေရန်ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်ကြောင်းနှင့်လမ်းဘေးရေနှုတ်မြောင်းများလည်းရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်သွားကြရန်ဖြည့်စွက်မှာကြားပြီးကတ္တရာ ခင်းခြင်း ဆောင်ရွက်ပြီးစီးသွားသောလမ်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး