တောင်ကြီး ဇူလိုင်-၂၀
Football For Schoolအစီအစဥ်အရကျင်းပပြုလုပ်သောအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင်(၂၀)ရက်မွန်းလွဲနာရီခွဲ က တောင်ကြီးမြို့၊ပြည်နယ်အားကစားကွင်း၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ် လွှတ်တော်ဥက္က္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေ ချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပြများ တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကယခုပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့်မိမိတို့သင်ကြားခဲ့သည့်အားကစားနည်းများအလိုက်ထူးချွန်သူများဖြစ်လာအောင်နှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်မည့်လူတော်လူကောင်းများဖြစ်လာအောင်ကြိုးစားကြရန်မှာကြားလိုကြောင်း၊ကျောင်းသူ၊ကျောင်းသားများအနေဖြင့်မိမိတို့သင်ကြားလာသည့်နည်းစနစ်များကိုအခြေံပြီးမိမိကျောင်းကိုယ်စားပြုမှမြို့နယ်ကိုယ်စားပြု၊မြို့နယ်မှခရိုင်၊ခရိုင်မှပြည်နယ်အဆင့်ထိုမှတဆင့်မိမိနိုင်ငံကိုယ်စားပြုပြီး အာဆီယံ SchoolGameမှာ ဝင်ရောက်ယှဥ်ပြိုင်နိုင်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။
ထို့နောက်ပြိုင်ပွဲဝင်အားကစားသမားများမှအားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီးပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည်အားကစားသမားများအားလိုက်လံနှုတ်ဆက်ကြပြီးကျောင်းသူ၊ကျောင်းသားများမှ Aerobic၊ Fitness Exercise၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များက သရုပ်ပြတင်ဆက်ကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အားကစားပစ္စည်းနှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ရာပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးနှင့်ကျောင်းသား၊ကျောင်းသူများမှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မူလတန်းအဆင့် ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲစတင်နေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး