တောင်ကြီး ဇူလိုင်-၁၅
ကျန်းမာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံဆေးကောင်စီတို့၏ခွင့်ပြုချက်အရမေတ္တာရှင်အသင်း (တောင်ကြီး)၏စီစဥ်ဆောင်ရွက်မှုဖြင့်ပြည်တွင်းမမျက်စိအထူးကုဆရာဝန်ကြီးများနှင့်သြစတေးလျနိုင်ငံ DAKFoundationမှမျက်စိအထူးကုဆရာဝန်ကြီးများပူးပေါင်း၍မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံ၌ခွဲစိတ်ကုသခဲ့သည့်မျက်စိလူနာများအားနေကာမျက်မှန်လှူဒါန်းတပ်ဆင်ချီးမြှင့်ပွဲကိုဇူလိုင်(၁၅)ရက်နံနက်ပိုင်းကတောင်ကြီးမြို့၊မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံ၌ကျင်းပရရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာမေတ္တာရှင်အသင်းဥက္ကဋ္ဌကမျက်စိခွဲစိတ်ပေးမည့်ဆရာဝန်ကြီးများ၊အမှုဆောင်များနှင့်မိတ်ဆက်ပေး၍မေတ္တာရှင်အသင်းသမိုင်းအကြောင်းအကျဉ်းကိုရှင်းလင်းတင်ပြပြီးမေတ္တာရှင်အသင်းမျက်စိအထူးကုဆရာဝန်ကြီး Dr.Bidya Prasad Pant ကိုယ်စား Dr.မျိုးသန့်က ဆေးကုသမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မေတ္တာရှင်အသင်းဥက္ကဋ္ဌနှင့် ဆရာဝန်ကြီး၏ ရှင်းလင်းတင်ပြချက်အပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေများပေးအပ်လှူဒါန်းရာမေတ္တာရှင်အသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှလက်ခံရယူပြီးပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကမျက်စိခွဲစိတ်ပြီးလူနာရဟန်းသံဃာနှင့်ပြည်သူတို့အားနေကာမျက်မှန်လှူဒါန်းတပ်ဆင်ပေးကြပြီးခွဲစိပ်ခန်းအတွင်းမျက်စိလူနာခွဲစိတ်နေမှုအားဝင်ရောက်လေ့လာကြည်ရှု၍မျက်စိခွဲစိတ်ကုသရန် မေတ္တာရှင်ဆေးရုံသို့လာရောက်ပြသကြသည့်ပြည်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါမေတ္တာရှင်နာမူကူညီရေးနှင့်ကုသိုလ်ဖြစ်ဆေးခန်း၊ဆေးရုံတွင်လူမျိုးဘာသာမရွေးအခမဲ့မျက်စိခွဲစိတ်ကုသဆောင်ရွက်ပေးမှုကိုဇူလိုင်လ(၉)ရက်မှ(၁၉)ရက်နေ့အထိခွဲစိတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိခွဲစိတ်ကုသပြီး လူနာဦးရေ(၂၀၀)ဦးခန့်ရှိကြောင်း သိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင်တာဝန်ရှိသူများသည်ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည့်ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကား ပြောကြားပြီးရှမ်းပြည်နယ် လယ်ယာမြေစီမဲခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနပြည်နယ်ဦးစီးမှူးကဆုံးဖြတ်ရန်အမှုတွဲများအားရှင်းလင်းတင်ပြပြီးအခမ်းအနားတက်ရောက်လာကြသူများကအထွေထွေဆွေးနွေးကြကာရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး