
ညောင်ရွှေ ဇူလိုင်-၁၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ဇနီးပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူဇူလိုင်(၁၁)ရက်နံနက်ပိုင်းကညောင်ရွှေမြို့ဖောင်တော်ပြန်(VIP)အဆောင်၌အင်းလေးကန်သဘာဝရေပြင်အတွင်းသို့စုပေါင်းငါးမျိုးစိုက်များထည့်ပေးကြသည်။အဆိုပါအင်းလေးကန်သဘာဝရေပြင်အတွင်းသို့ရွှေဝါငါးကြင်း(၆၉၀၀၀)ကောင်၊ငါးခုံးမကြီး(၆၉၀၀၀)ကောင်၊ငါးမြစ်ချင်း(၆၉၀၀၀)ကောင်စုစုပေါင်းကောင်ရေ(၂၀၇၀၀၀)ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ညောင်ရွှေမြို့၊ကန်ကြီးပရိယတ္တိစာ သင်တိုက်ဘုန်းတော်ကြီးကျောင်းရှိဓမ္မာရုံသို့သွားရောက်၍ညောင်ရွှေမြို့ပေါ်ရှိကန်ကြီးပရိယတ္တိစာသင် တိုက်၊လှိုင်ကြူပရိယတ္တိစာသင်တိုင်၊ ရွှေကူပရိယတ္တိစာသင်တိုက်တို့အတွက် ဆွမ်းဆန်၊ ဆီလှူဒါန်းပေးရာ ညောင်ရွှေမြို့ကန်ကြီးပရိယတ္တိစာသင်တိုက်ပဓနနာယက၊မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတထံငါးပါးသီလခံယူပြီးဆရာတော်၊သံဃာတော်အရှင်သူမြတ်များထံမှပရိတ် တရားတော်များနာယူဆောက်တည်ကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့ကဆွမ်းဆန်၊ဆီ၊လှူဖွယ်ဝတ္ထု ပစ္စည်းနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်ပေး၍ညောင်ရွှေမြို့ရွှေကူပရိယတ္တိစာသင်တိုက်ပဓာနနာယကမြို့နယ်သြဝါဒစရိယမဟာဂန္ထဝါစကပဏ္ဍိတထံမှအနုမောဒနာတရားယူကြည်ညို၍လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အင်းလေးကန်ရေပြင်အတွင်းညောင်ရွှေမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှအင်းလေးကန်သန့်ရှင်းသာယာလှပရေးအ တွက် ဒိုက်၊ ဗေဒါ၊ မှော်ပင်များ သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသရှိအသေးစားဒေသထွက်ကုန်များထုတ်လုပ်ရောင်းချလျက်ရှိသောဟဲယာရွာမရှိစိန်သမာဓိငွေပန်းထိမ်လုပ်ငန်းအားသွားရောက်ကြည့်ရှုရာဆိုင်ရှင်မှလုပ်ငန်းစပ်လျဉ်း၍ရှင်းလင်းကြောင်းသိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အင်းလေးကန်သာယာလှပရေးနှင့်အင်းလေးကန်ရေများမတိမ်ကောရေးအတွက်ငါးဖယ်ချောင်းရေလမ်းကြောင်းတွင်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသောင်တူးစက်ဖြင့်သဲနှုန်းများထုတ်ယူနေမှုကိုကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူတစ်ဦးမှရှင်းလင်းတင်ပြပြီးပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများသည်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရှပ်ရှင်တော်မြတ်များအားသွားရောက်ဖူးမြော်ကြည်ညိုကာပန်း၊ရေချမ်း၊ရွှေသင်္ကန်းတို့ကိုဆက်ကပ်လှူဒါန်းပြီးအလှူငွေများဆက်ကပ်လှူဒါန်းပေးကြရာဘုရားဂေါပကတာဝန်ရှိသူများမှလက်ခံရယူ၍ဂုဏ်ပြုမှတ်တမ်းလွှာမျာပြန်လည်ပေးအပ်ပြီးပြည်နယ်ဝန်ကြီးချုပ်ကဧည့်သည်တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးပေးပြီးဖောင်တော်ဦးဘုရားရင်ပြင်နှင့်ကျောင်းဆောာင်အဆောက်အဦတို့အားလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တာဝန်ရှိသူများသည်အင်းပေါခုန်ကျေးရွာ ဦးသန်းလှိုင် ပိုးထည်၊ကြာထည်၊ချည်ထည်ယက္ကန်းရုံတို့အားသွားရောက်၍အင်းလေးဒေသထွက်ဇင်းမယ်ယက်လုပ် ငန်း၊ချည်ယက္ကန်းလုပ်ငန်း၊ချည်ဆိုးဆေးလုပ်ငန်း၊ ကြာချည်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုကြရာ တာဝန်ရှိလုပ်ငန်းရှင်တစ်ဦးမှရှင်းလင်းပြီMSMEsအသေးစားလုပ်ငန်းဖြစ်သည့်အင်းလေးဒေသထွက်ဆည်ခေါင်းကျေးရွာတွင်ဒေသထွက်ပန်းဘဲလုပ်ငန်းအားသွားရောက်ကြည့်ရှုကြရာဒေသခံတိုင်းရင်းသားတစ်ဦးမှရှင်းလင်းပြီးဆည်ခေါင်းဒေသထွက်ပန်းဘဲလုပ်ငန်းတွင်စားအုန်းဆီဘီဘာမှ ပန်းဘဲလက်မှုအနုပညာဖြင့် ရေနွေးခရာအိုးများထုတ်လျက်ရှိပြီးလယ်ယာသုံးပစ္စည်းများမီးဖိုချောင်သုံးပစ္စည်းများ၊လက်သမားသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး