
တောင်ကြီး ဇူလိုင်-၁၀
၂၀၂၆ခုနှစ်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊မြို့နယ်အလိုက်အသက်(၂၃)နှစ်အောက်ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကိုဇူလိုင်(၁၀)ရက်ညနေ(၄)နာရီကတောင်ကြီးမြို့၊ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တာဝန်ရှိသူများ၊အားကစားဝါသနာရှင်များတက် ရောက်ကြသည်။
ဦးစွာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊တာဝန် ရှိ သူများ၊အားကစားဝါသနာရှင်များသည်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲစဥ်အဖြစ်လင်းခေးမြို့ နယ်အသင်းနှင့်လားရှိုးမြို့နယ်အသင်းယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးကြသည်။အဆိုပါပြိုင်ပွဲတွင်လင်းခေးမြို့နယ်အသင်းကနှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲကြောင်းသိရသည်။
၎င်းနောက်ဆုချီးမြှင့်ပွဲကျင်းပရာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေး ရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်၊အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများကအားကစားနည်းအလိုက်အမျိုးသား၊အမျိုးသမီးပြိုင်ပွဲများတွင်ဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ပထမဆုရရှိသည့်တောင်ကြီးမြို့နယ်အသင်းအားတစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့်ဆုဖလားအားလည်ကောင်း၊အမျိုးသား၃ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ပထမဆုရရှိသည့်လားရှိုးမြို့နယ်အသင်းအားတစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့်ဆုဖလားအားလည်ကောင်း၊အမျိုးသား ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့်လင်းခေးမြို့နယ်အသင်းအားတစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့်ဆုဖလားအားလည်ကောင်းဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး