
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်
( ၁ – ၃ – ၂၀၂၆ ) ရက် (၁၂၀၀) အချိန်မှ (၁၆၃၀) အချိန်ထိ တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းသည် လမ်းဦးစီးဌာန၊ သစ်တောဦးစီး ဌာန၊ စည်ပင်သာယာရေးဌာန၊ မြေစာရင်းဦးစီးဌာနများမှ တာ၀န်ရှိသူများနှင့်အတူ တောင်ကြီး မြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ မိုင်းသော်(အနောက်) ကျေးရွာအုပ်စုနှင့် နန်းဟူးကျေးရွာအုပ်စုများ၌ သဲ၊ သဲကျောက်(ဓါတ်သတ္တုလိုင်စင်လျှောက်ထားသည့် နေရာများသို့လည်းကောင်း၊ တောင်လေးလုံး ကျေးရွာအုပ်စုနှင့် သံတဲကျေးရွာအုပ်စုများတွင် စက်မှုစီးပွားမြေငှားဂရန်များရရှိထားပြီး မြေပြင်၌ ခွင့်ပြုချက်အတိုင်း အသုံးပြုမှုမရှိသည့် မြေနေရာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့