Select Page

ရွှေညောင် သြဂုတ်-၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ဖူဆယ်အားကစားရုံ အသစ်ဖွင့်ပွဲကို သြဂုတ် (၁၅)ရက် မွန်းလွဲ(၂)နာရီက အဆို ပါဖူဆယ်အားကစားရုံ၌ ကျင်းပသည်။
ဦးစွာဖူဆယ်အားကစားရုံခန်းမအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ပြည်နယ်ဝန်ကြီးများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးပြည်နယ်ဝန်ကြီးချုပ်ကဖူဆယ်အားကစားရုံဆိုင်းဘုတ်ကိုစက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပရာရှမ်းပြည်နယ်အားကစားနှင့်ကာယ ပညာကော်မတီနာယက၊ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကနိုင်ငံတော်မှအားထားရသည့်နိုင်ငံ့ဂုဏ် ဆောင်အားကစားသမားကောင်းများစဥ်ဆက်မပြတ်ပေါ်ထွက်လာစေရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ယခုလိုဖူဆယ်အားကစားရုံသစ်ကိုရွှေညောင်မြို့တွင်တည်ဆောက်ပေးရခြင်းဖြစ်ပါကြောင်း၊လက်ရှိဖူဆယ်အားကစားရုံသစ်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊သန့်ရှင်းသာယာလှပစေရေးအတွက်ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အားကစားသမားများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကမိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ဝိုင်း ဝန်းပူးပေါင်းထိန်းသိမ်းပေးကြရန်လိုအပ်ပါကြောင်း၊ယနေ့ဖူဆယ်ကွင်းသစ်ကြီးတွင်ယှဥ်ပြိုင်ကစားကြ မည့်ဖူဆယ်အားကစားသမားများအနေဖြင့်အားကစားစိတ်ဓါတ်ကိုအရင်းခံပြီးပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများ၊ ဒိုင်လူကြီးများ၏ဆုံးဖြတ်များကို လိုက်နာယဥ်ပြိုင်ကစားသွားကြရန် ပြောကြားသည်။
၎င်းနောက်ပြိုင်ပွဲဝင်အားကစားသမားများကအားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကအားကစားသမားများအားရင်းရင်းနှီးနှိးလိုက်လံနှုတ်ဆက်ကြကာပြည်နယ်ဝန်ကြီးချုပ်ကအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှဘင်ခရာတပ်ဖွဲ့နှင့်ရှမ်းယဥ်ကျေးမှုအက အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက်ဖူဆယ်အားကစားရုံတည်ဆောက်ခဲ့သည့်ရှမ်းချယ်ရီတောင်တန်းကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကဖူဆယ်အားကစားရုံနှင့်စပ်လျဥ်းသည့်စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ရာပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လက်ခံရယူပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူးက ဖူဆယ်ဘောလုံးများပေးအပ်ရာ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် SHAN FUTSAL LEAGUEကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမပွဲစဥ်အဖြစ် AON FC အသင်းနှင့် ADONIS FC အသင်းတို့ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။အဆိုပါ SHAN FUTSAL LEAGUE ကလပ်ပေါင်းစုံအမျိုးသားဖူဆယ်ပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်း(၁၀) ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့