ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့ ၁၃:၀၀ အချိန်တွင် နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် လူမှုထူးချွန်(ပထမဆင့်)ရရှိသောပုဂ္ဂိုလ်များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုတံဆိပ်များချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ များနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်းက နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် လူမှုထူးချွန်(ပထမဆင့်) ရရှိသောပုဂ္ဂိုလ်များ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြု အမှာစကား ပြောကြားပြီးနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများက လူမှုထူးချွန်ဆုရရှိသူများ အသီးသီးထံသို့ ဆုများပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအစိုးရအဖွဲ့ရုံး