ကျိုင်းတုံ ဇူလိုင် ၂၁
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂၁)ရက်၊ (၁၅)နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန( ကျိုင်းတုံ )ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ်ကျော်နိုင်စိုး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်နန်းနော်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့်အတူတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်စိုးမြတ်ထွဋ် မှ အဖွင့်အမှာစကားပြောကြားကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးမှ ဆွေးနွေးတင်ပြခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးနိုးဝေ မှ CCTV တပ်ဆင်ရေးနှင့်ပတ်သက်၍ နောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်စိုးမြတ်ထွဋ် မှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး