
တန့်ယန်း ဧပြီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၀)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများသည် အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့် သက်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်တို့က လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း ပြခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့