တိုင်းလိုင်(ခ)တိုင်းလျမ်(ခ)ရှမ်းကလေး(ရှမ်းနီ)

ထိုင်း-တရုတ်အနွယ်ဝင်များဖြစ်သော တိုင်လိုင်(ရှမ်းနီ)တိုင်းရင်းသားတို့သည် ရှမ်းမျိုးနွယ်စု တွင်ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ ရွှေကူ၊ မိုင်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်းနယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသည်။ ဧရာဝတီနှင့်ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ရိုးတစ်လျှောက်၊ မြစ်ကြီးနားမှ ကောလင်း၊ ဝန်းသိုတစ်လျှောက် သံလမ်းရိုးဒေသများသည် တိုင်းလိုင်(ရှမ်းနီ)တို့ နေထိုင်ရာဒေသများဖြစ်သည်။ ၎င်းတို့ကို တိုင်းလိုင်-တိုင်းနိုင်းဟုလည်း ခေါ်ကြရာ တိုင်းနိုင်းသည် ရှမ်းနီဟုအဓိပ္ပာယ်ရသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးသော လူမျိုးများဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ် သည်။ ရှမ်းနှစ်သစ်ကူးနေ့များကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် တခမ်းတနားကျင်းပ ကြသည်။
အင်းတော်ကြီးအင်းသည် ရှမ်းနီတို့၏ အထင်ကရနေရာဖြစ်သည်။ ကျောက်စိမ်းနယ်မြေ ဖြစ်သော ကချင်ပြည်နယ် ဖားကန့်ဒေသသည်လည်း ရှမ်းနီတို့၏ ဒေသတစ်ခုဖြစ်သည်။ ကိုယ်ပိုင် ဘာသာစကားရှိပြီး အက္ခရာဖြင့် ရေးမှတ်ထားသော စာပေလည်း အခိုင်အမာရှိသော လူမျိုးဖြစ် သည်။ အမျိုးသားများသည် တိုက်ပုံ၊ ပုဆိုးနှင့် ခေါင်းပေါင်းကို စနစ်တကျ ဝတ်ဆင်အသုံးပြုကြ သည်။ အမျိုးသမီးများသည် ရင်ဖုံးအင်္ကျီနှင့် ကန့်လန့်စင်းတွဲဖက်ဝတ်ဆင်ပြီး ခေါင်းပေါင်းပေါင်း လေ့ရှိသည်။ ခေါင်းကျားဖြူတံဆိပ်သည် ရှမ်းနီလူမျိုးတို့၏ ကိုယ်စားပြု အမှတ်တံဆိပ်ဖြစ်သည်။ စိုက်ပျိုးရေးသည် အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်ပြီး ဆန်စပါးကို အများဆုံးစိုက်ပျိုး ကြသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482