တိုင်းခန္တီး(ခ)ခန္တီး

တိုင်းခန္တီးတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံမြောက်ဖျား ခန္တီးလုန် ခေါ် ပူတာအိုမြို့နယ် နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်၊ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဟုမ္မလင်းဒေသ တို့တွင် နေထိုင်ကြသည်။ ထိုင်းတရုတ်အစုခွဲဝင် ရှမ်းလူမျိုးတစ်မျိုးဖြစ်သည်။ ခန္တီးဟူသော ဝေါဟာရ မှာ ရှမ်းစကားဖြစ်ပြီး ရွှေမြေဟု အဓိပ္ပာယ်ရသည့် သုဝဏ္ဏဘူမိဟူသော အမည်ဖြင့် မြို့များ၊ ပြည် များ ထင်ရှားခဲ့ဖူးပါသည်။ အမျိုးသမီးများ၏ ခေါင်းပတ်များသည် အောက်ခံအနက်ပေါ်တွင် ပန်းရောင်ဖျင်တစ်ထပ်အုပ်ထားပြီး ရှေ့ဖက်တွင် ငွေပြားများ စီထားကြသည်။ ခါးတို၊ ရင်စေ့အင်္ကျီ ကို လည်ပင်းကော်လံသေးသေးတပ်ပြီး ဝတ်ဆင်ကြသည်။ အနက်ခံတွင် အနီစင်းအနည်းငယ် ပါသည်။ ဂျပ်ခုတ်ကွင်းလုံချည်ဝတ်ကြပြီး ပန်းပွားပါသော ခါးပတ်စည်းထားကြသည်။ အမျိုးသား များသည် တဘက်ဖြူခေါင်းပတ်ပြီး အစကို လက်ယာဘက်တွင် ထောင်ထားတတ်သည်။ ရှပ်အင်္ကျီ ကို အောက်ခံသဘောဝတ်ပြီး ငွေချည်များဖြင့် လှပစွာချုပ်ထားသည့် အနက်ရောင် လက်ပြတ်၊ ခါးတို ကို ဝတ်ဆင်ကြသည်။ အများအားဖြင့် လုံချည်ကို ဝတ်ဆင်ကြသည်။ ချမ်းသာသူတစ်ချို့မှအပ အများအားဖြင့်ငွေထည်ကိုသာဝတ်ဆင်ကြသည်။ တိုင်းခန္တီးတို့သည် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်။ ခန္တီးစာဟူ၍လည်းသီးသန့်ရှိသည်။ ခန္တီလုံမြေပြန့်တွင် နေထိုင်ကြသူများဖြစ်သည့်အတိုင်း လယ်ယာ စိုက်ပျိုးလုပ်ကိုင်ကြ၍ အသက်မွေးဝမ်းကျောင်းကြပြီး အချို့က ဆန်စပါးအပြင် ခြံလုပ်ငန်းနှင့် ရက်ကန်းရက်လုပ်ကြသည်။ အချို့မှာ ဆင်ဖမ်းခြင်းဖြင့် အသက်မွေးကြသည်။ စပါး၊ လိမ္မော်၊ အာလူးနှင့်မြေပဲများထွက်ရှိသည်။ ရှေးအခါက စော်ဘွားစနစ်ဖြင့်အုပ်ချုပ်ခဲ့ကြသည်။ကြက်ခွပ်အက နှင့် မြေဝိုင်းအကများ ကလေ့ရှိ သည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482