ရှမ်းတိုင်းရင်းသားလူမျိုးများ

ရှမ်းလူမျိုးတို့သည် နန်ကျောက်(နန်းကျောင်းဟုလည်းအရေးအသားရှိ)အနွယ်ဝင်(ရှမ်း-တိုင်း Tai)များဖြစ်သည်။ အေဒီ ၉ ရာစုအစဦးပိုင်းတွင် တရုတ်ထန်မင်းဆက်၏ တန်ခိုးကြီးထွားလာမှု အောက်တွင် နန်ကျောက်နိုင်ငံတော်ကြီး(ယခုယူနန်ပြည်နယ်၊ တာလီဒေသ)ပြိုလဲပြီး အင်အား နည်းပါးသွားခဲ့ရသည်။သို့သော် အလုံးစုံပျက်စီးသွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက်လက်ထက်ထိတိုင် ရပ်တည်နိုင်ခဲ့သေးသည်။ တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁ ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်မြေများဆက်လက်ချဲ့ထွင်ခဲ့ရာ ၎င်း ရှမ်း- တိုင်း တို့ကိုလည်း အလွတ် မပေးခဲ့ချေ။ ထိုသို့မွန်ဂိုရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့်ရလဒ်အဖြစ် တောင်ဘက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ်ပေါ်ထွက်လာကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊လာအိုနိုင်ငံတွင်လောလူမျိုးများအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံ တွင် ထိုင်းလူမျိုးအဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြပါသည်။ ရှမ်းလူမျိုးများသည် တောတောင် ထူထပ်သည့်နေရာဒေသတွင် အခြေချနေထိုင်ခဲ့ကြသည့်အတွက် လူမျိုးစုငယ်အများအပြားကွဲပြား ခဲ့ပြီး ယဉ်ကျေးမှု၊ဘာသာစကားတို့ပါ အနည်းငယ်စီကွဲပြားကြသည်။ရှမ်းလူမျိုးများသည် အရှေ့ တောင်အာရှဒေသတွင်နေထိုင်ကြသည့် မျိုးနွယ်စုတစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအား ဖြင့် မြန်မာနိုင်ငံရှမ်းပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တရုတ်နှင့်ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို အနည်းအများမဆိုတွေ့ရှိနိုင်သည်။ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့တိုက်ပုံကို ခပ်ပွပွဘောင်းဘီရှည်နှင့်တွဲဖက်ဝတ်ဆင်ပြီး ခါးတွင်ပုဝါစည်းနှောင်လေ့ရှိသည်။အမျိုးသမီးများ သည် ကော်လံမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကို ပတ်လည်စင်းပါသော ရိုးရာလုံချည်နှင့်တွဲဖက်ဝတ်ဆင် သည်။ ရှမ်းလူမျိုးများသည် ဗုဒ္ဓဘာသာကို အများဆုံးယုံကြည်ကိုးကွယ်ကြပြီးရိုးရာနတ်ကိုးကွယ်မှု လည်း အနည်းငယ်ရှိပါသည်။အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များမှာ လယ်ယာ၊ တောင်ယာ၊ လက်ဖက်၊ လိမ္မော်၊ ပြောင်း၊ ရာဘာစသည့်စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပါသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482