တောင်ကြီး ဇူလိူင်-၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူဇူလိုင်(၆)ရက်နံနက်(၈)နာရီကတောင်ကြီးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(၃)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းနားသို့တက် ရောက်ကြသည်။
ဦးစွာအမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(၃)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲဆိုင်းဘုတ်အားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး (၃) ထပ်ကျောင်းဆောင်သစ် အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ကမ္ဗည်းမော်ကွန်းအားမင်္ဂလာရေစင်ပက်ဖြန်းပေးကြကာ(၃)ထပ်ကျောင်း ဆောင်သစ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ဆက်လက်ကျင်းပရာကျောင်းသား၊ကျောင်းသူများက“မြန်မာ့ကျောင်း´´သီချင်းဖြင့်အခမ်းအနားကိုဖွင့်လှစ်ပေးပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကပြောကြားပြီးပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးဆရာမကြီးဒေါ်ယဥ်မင်းစုကဂုဏ်ပြုအမှာစကားပြောကြား၍အမှတ်(၆)အခြေခံပညာအထက် တန်းကျောင်းမှကျောင်းသူမလေးများက“တစ်ပင်တိုင်´´အကများဖြင့်လည်းကောင်း၊ရှမ်းအက၊ပအိုဝ်းအကများဖြင့်လည်းကောင်း ဖျော်ဖြေတက်ဆက်ကြသည်။
ယင်းနောက်(၃)ထပ်ကျောင်းဆောင်သစ်အားတာဝန်ယူဆောင်ရွက်ပေးသောရွိုင်ရယ်အောင်ပန်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကိုအပ်နှံလွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီးအမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၏ကျောင်းကော်မတီဥက္ကဋ္ဌဦးအောင်ဝင်းကကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကဘင်ခရာ၊ပန်းပွားနှင့်ဖျော်ဖြေရေးကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ပြီးအမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာကြီက(၃)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အလံနှင့်လက်ဆောင်ပစ္စည်းများကိုပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိများအားနေရာအရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နေ(၃)နာရီကတောင်ကြီးမြို့၊ပြည် နယ်အားကစားကွင်း၌ကျင်းပသော၂၀၂၆ခုနှစ်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်အလိုက်အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များသည် အမျိုးသား မီတာ၁၁၀တန်းကျော်ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ၁၀၀တန်းကျော်ပြိုင်ပွဲ ဗိုလ်လုပွဲစဥ်များကို ကြည့်ရှုအားပေးကြသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများကအားကစားနည်းအလိုက်အမျိုးသား၊အမျိုးသမီးပြိုင်ပွဲများတွင်ဆုရရှိသူများအားဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ပေးကြသည်။
ယင်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အမျိုးသားသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် စံချိန်သစ်တင်နိုင်ခဲ့သည့်မိုင်းကိုင်မြို့နယ်မှမောင်ဇော်ဝင်းထွဋ်အားဂုဏ်ပြုဆုငွေကျပ်(၃)သိန်းအားလည်းကောင်း၊ပြိုင်ပွဲများတွင်အမျိုးသမီးတံခွန်စိုက်ဆုရရှိခဲ့သည့်ပင်းတယမြို့နယ်အသင်း၊အမျိုးသားတံခွန်စိုက်ဆုနှင့်စုပေါင်းတံခွန်စိုက်ဆုရရှိခဲ့သည့်တောင်ကြီးမြို့နယ်အသင်းတို့အားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး