Select Page

ညောင်ရွှေ ဇူလိုင်-၄
သာသနာတော်နှစ်၂၅၇၀ပြည့်နှစကောဇာသက္ကရာဇ်၁၃၈၈ခုနှစ်ရှမ်းပြည်နယ်လုံးဆိုင်ရာ(၈၆)ကြိမ် မြောက်ဝိနယာဒိနုဂ္ဂဟစာမေးပွဲတော်ကြီးနှင့်(၈၉)ကြိမ်မြောက်ဝိနယာဒိနုဂ္ဂဟအာဂုမ်စာပြန်ပွဲတော်ကြီးအောင်ဆုနှင်းသဘင်တရားနာရေစက်ချအခမ်းအနားကိုဇူလိုင်(၄)ရက်မွန်းလွဲ(၁)နာရီကညောင်ရွှေမြို့၊ အဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီး၌ကျင်းပရာရှမ်းပြည်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဒုတိယတိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည် နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများ၊ဆရာတော်၊ဿံဃာတော်များ၊ဒေသခံပြည်သူများ၊အလှူရှင်များတက်ရောက်ကြသည်။
အခမ်းအနားကိုဆရာတော်၊သံဃာတော်နှင့်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်အမှူးပြု သောဧည့်ပရိတ်သတ်တို့ကနမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကြပြီးညောင်ရွှေမြို့ နယ်၊အင်းလေးဒေသမိုင်းသောက်ပထမစာသင်တိုက်ဦးစီးပဓာနနာယက(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက)နိုင်ငံတော်သြဝါဒါစရိယဝိနယာဒိနုဂ္ဂဟစာပွဲတော်ဥက္ကဋ္ဌဘဒ္ဒန္တသုမင်္ဂလာဘိဝံသဆရာတော်ဘုရားကြီးထံသရဏဂုံသီလခံယူဆောက်တည်ကြပြီးသံဃာတော်အရှင်သူမြတ်တို့ရွတ်ပွားချီးမြင့်တော်မူသောမေတ္တာသုတ်ပရိတ်တရားကိုနာယူကြည်ညိုကြသည်။
ထို့နောက်အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ဒုတိယတိုင်းမှူး၊ရှမ်းပြည်နယ်အစိုး ရအဖွဲ့၊ပြည်ဝန်ကြီးများ၊အလှူရှင်များကကဝိနယာဒိနုဂ္ဂဟစာပွဲတော်ကြီးအတွက်အလှူငွေများဆက်ကပ်လှူဒါန်းပေးရာတာဝန်ရှိသူများမှလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီးညောင်ရွှေမြို့၊မိုင်းသောက်ပထမစာသင်တိုက်၊ဦးစီးပနနာယက(အဘိဓဇမဟာရဋ္ဌ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)နိုင်ငံတော်သြဝါဒါစရိယဝိနယာဒိနုဂ္ဂဟစာပွဲတော်ဥက္ကဋ္ဌဘဒ္ဒန္တသုမင်္ဂလာဘိဝံသဆရာတော်ဘုရားကြီး၏ဓမ္မေဇအနုမောဒနာတရားတော်ကိုနာယူကြည်ညိုကြသည်။
၎င်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကဝိနယာဒိနုဂ္ဂဟစာပွဲတော်ကြီးအတွက်အလှူငွေလှူဒါန်းပေးကြ ပြီးစာချတန်းကျမ်းပြီးအောအောင်မြင်တော်မူသောညောင်ရွှေမြို့နယ်၊မိုင်းသောက်ပထမစာသင်တိုက်၊ဦးဣန္ဒောဘာသအရှင်သူမြတ်၏အတ္ထုပ္ပတ္တိကိုညောင်ရွှေမြို့ရွှေဂူစာသင်တိုက်စာချဆရာတော်ဦးနန္ဒသာရက ဖတ်လျှောက်ပူဇော်ပြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦးကအောင်လက်မှတ် ဆက်ကပ်ပေးပြီးတိုင်းမှူး၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့ကဆရာတော်၊သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပေးကြသည်။
ယင်းနောက်ညောင်ရွှေမြို့၊လှိုင်ကြူပရိယတ္တိစာသင်တိုက်ပဓာနနာယကဝိနယာဒိနုဂ္ဂဟစာပွဲတော်အ ကျိုးတော်ဆောင်ချုပ်ဆရာတော်ကဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီးအောင်ဆုနှင်းသဘင်ရေစက်ချသြဘာစာတမ်းကိုဖတ်ကြား၍ရေစက်ညွှန်းပေးတော်မူပြီးလျှင်အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းလိုက် ကြောင်းသိရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး